ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ သရုပ်ဆောင်ကောင်းလွန်းတဲ့အပြင် ပွင့်လင်းပြီး ချစ်စရာကောင်းတာမို့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရသူလေးပါ..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သူမရဲ့သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရင်ထဲ တိုးဝင်နေရာယူထားတဲ့ မင်းသမီးချောလေး သူမကတော့ အောက်မြင်တဲ့ ပြည်သူချသ်အနုပညာရှင်အဖြစ် လျှောက်လှမ်းနေသူလေးလည်း ဖြစ်ပါတယ်..။

Photo Credit - Alinn Yaung Photography
Photo Credit - Than Thar Moe Theint's Fb Account

ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသလို ပွင့်လင်းတဲ့ ချစ်စရာပုံရိပ်လေးတွေကြောင့်လည်း ယောကျ်ားလေးပရိသတ်တွေ အများဆုံးရရှိထားပြီး မိန်းကလေးပရိသတ်တွေကပါ တခဲနက်ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။

ပရိသတ်အချစ်တော်လေး သံသာမိုးသိမ့်ကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း အိမ်မှာ Stay Home နေရင်း အပျင်းပြေရေကူးကစားနေတဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။

Photo Credit - Than Thar Moe Theint's Fb Account
Photo Credit - Than Thar Moe Theint's Fb Account

"Stay home ရင်း ရေလေးဆင်းကူးလိုက်..

မုန့်လေးအိမ်ပေါ်ပြန်တက်စားလိုက်နဲ့ အဆင်ကိုပြေနေရော

အိမ်နေရင်းမျက်နှာလေးကိုတော့သည်းခံနော်.." ဆိုပြီး ရေကူးကန်ထက်က သူမရဲ့ပုံရိပ်လေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

အိမ်မှာနေရင်း အပျင်းပြေရေကူးနေတဲ့ ကလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတဲ့ ရေကူးကန်ထက်က သုမရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo Credit - Than Thar Moe Theint's Fb Account
Photo Credit - Than Thar Moe Theint's Fb Account

Source & Photo Credit - Than Thar Moe Theint's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။