မြန်မာပြည်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးရရှိထားတဲ့ မင်းသားတွေထဲက တစ်လက်ဖြစ်သလို ပရိသတ်အမြောက်အမြားရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ နေတိုးကတော့ သူနဲ့ ပတ်သတ်ပြီး ပရိသတ်တွေ အထူးစိတ်ဝင်စားနေတဲ့ အကြောင်းကို ပြောပြလိုက်ပါပြီ။ ဘာများဖြစ်မလည်း ပရိသတ်ကြီးရေ.......

မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားနေတိုးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေပသိချင်ဆုံးကတော့ သူ့ရဲ့အချစ်ရေးပါပဲ။ အသက်ရွယ်တူ မင်းသားတွေ အိမ်ထောင်ပြုကုန်ကြပေမဲ့ အခုချိန်ထိ လူပျိုကြီးဖြစ်နေသေးတဲ့ နေတိုးတစ်ယောက် သူ့ရဲ့ အချစ်ရေး အိမ်ထောင်ရေးကိစ္စတွေနဲ့ ပတ်သတ်လို့ People Magazine ကို ယခုလိုဖြေဆိုပေးထားတာတွေ့ရပါတယ်။

"နေတိုးပြောတဲ့ အချစ်ရေး၊ အိမ်ထောင်ရေး နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ပြောစရာစကားလုံး လောလောဆယ်မှာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ အိမ်ထောင်ပြုမလားဆိုရင်တော့ အချိန်အခါ သိပ်လည်း ကြာလို့မကောင်းတော့သလို၊ သိပ်လည်း မြန်လို့မကောင်းသေးဘူးလို့ ထင်ပါတယ်။ ၂၀၁၈ ထဲမှာတော့ အိမ်ထောင်ပြုဖို့ မရှိသေးပါဘူး" ဆိုပြီး ဖြေဆိုထားပါတယ် ပရိသတ်ကြီးရေ။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေတာဖြစ်ပြီး ထွက်ရှိလာမည့်ဇာတ်ကားတွေကိုလည်း အားပေးပါအုန်းလို့ ဆိုပါတယ် ပရိသတ်ကြီးရေ....

Source: Myanmar People Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။