ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှက်ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ အေသင်ချိုဆွေရဲ့ သမီးလေး အိုင်ဗီလေးကလည်း အပါအဝင်ပါပဲ..။

အိုင်ဗီလေးကတော့ ပါးပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းသလို လည်လွန်းတတ်လွန်းလို့လည်း ပရိသတ်တွေက သဘောကျအချစ်ပိုနေကြတာလည်း ဖြသ်ပါတယ်နော်..။

Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account

မေမေအေသင်ကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေအပြင် သမီးလေးအိုင်ဗီရဲ့ ချစ်စရာပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း ချစ်စရာသမီးလေးရဲ့ ပုံလေးတွေကို ထပ်မံမျှဝေထားပြန်ပါတယ်..။

ဓာတ်ပုံရိုက်တော့မယ်ဆိုတာနဲ့ ဂိုက်ပေးကြမ်းကာ ပို့စ်ပေးတတ်တဲ့ အိုင်ဗီလေးရဲ့ ချစ်စရာပုံလေးတွေကို ဝေမျှထားတာဖြစ်ပြီး အသည်းယားစရာကောင်းလွန်းနေတဲ့ အိုင်ဗီလေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account

"Vee vee Mamma take a photo လို့ပြောလိုက်တာနဲ့ ပိုစ့်ပေးတာဒီလို

ပထမဆုံးပိုစ့်က သူ့အဘွားပိုစ့်.." ဆိုပြီး သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေကို အမြဲအသည်းယားအောင် လုပ်တတ်တဲ့ အိုင်ဗီလေးရဲ့ ဂိုက်ပေးကြမ်းပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account
Photo Credit - Athen Cho Swe's FB Account

Source & Photo Credit - Athen Cho Swe's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။