ဇွန်လ ၁၀ ရက်နေ့မှာ အဆိုတော် YZ ရဲ့ ဇ အခွေ Promotion Free Show ကို မန်းလေးမှာ ကျင်းပခဲ့ရာ

လာရောက်ကြသူပရိတ်သတ်များထဲမှလူငယ်ချင်းစကားများရန်ဖြစ်ပြီး လူငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ် ။

ထိုအကြောင်းအရာကို လူအများက စိတ်ဝင်တစားဝေဖန်ပြောဆိုနေကြပြီး မန်းလေး မြို ့ခံများကိုယ်တိုင်က

ထိုဖြစ်ရပ်ကို ရှုံချနေကြပါတယ် ။ ထိုသို့သောအချိန်မှာ အဆိုတော်လွှမ်းပိုင်ကလည်း 25.6.2017 မှာ မန်းလေးမှာ

ပြုလုပ်ဖို့ စီစဉ်ထားတဲ့ "ဂီတဗေဒ"Audio Promotion လက်မှတ်ထိုးပွဲကို ကို လုံခြုံရေး အခြေအနေအရ ဖျက်သိမ်းလိုက်တာမို့

ပရိတ်သတ်တွေအတွက် စိတ်မကောင်းစရာဖြစ်လာခဲ့ပါတယ် ... ။

" 25.6.2017 မင်္ဂလာမန္တလေးမှာ ပြုလုပ်မည့်ကျွှန်တော့်

"ဂီတဗေဒ"Audio Promotion လက်မှတ်ထိုးပွဲကို လုံခြုံရေး

အခြေနေကြောင့်မလုပ်ဖြစ်တော့ပါဘူးခင်ဗျာ။

ရွှေမန္တလေးမှပရိတ်သတ်ကြီးအားလုံးကိုတောင်းပန်ပါတယ်

ခင်ဗျာ။ " လို့ လွှမ်းပိုင်ကသူ့ရဲ့ Facebook ကနေ တောင်းပန်ထားတာပဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Hlwan Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။