ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Basque Health Department Headquarters" ဘာ့စ်ခ် ကျန်းမာရေး ဌာနချုပ် အဆောက်အအုံကြီး အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘာ့စ်ခ် ကျန်းမာရေး ဌာနချုပ် တည်ဆောက်ထားမှု အလှအပဟာ မြင်ရသူများအား ရုံးအဆောက်အအုံတစ်ခုလို့ မထင်ရစေဘဲ အနုပညာ ပြခန်းတစ်ခု သို့မဟုတ် ပြတိုက်တစ်ခုလို့ ထင်မှတ်စေတာ ဖြစ်ပါတယ်။

photo credit pngtree

စပိန်နိုင်ငံ၊ ဘိုလ်ဘေရို မြို့မှာ တည်ဆောက်ထားခဲ့တဲ့ ၁၃ ထပ်မြင့်သော ဘာ့စ်ခ် ကျန်းမာရေး ဌာနချုပ်ဟာ စပိန်နိုင်ငံရဲ့ အမှတ်လက္ခဏာ အဆောက်အဦများမှာ တစ်လုံးအပါ အဝင်ဖြစ်ပါတယ်။ ဘာ့စ်ခ် ဌာနချုပ်ကို "Coll-Barreu Arquitectos" က ပုံစံ ဒီဇိုင်းထုတ်ခဲ့ကာ အဆောက်အအုံ မျက်နှာစာမှာ တပ်ဆင်ထားတဲ့ ထောင့်ချိုးမှန်များဖြင့် အဆောက်အအုံ အတွင်းပိုင်း တစ်ခုလုံးကို သဘာဝအလင်းရောင်ရရှိစေရန် စီမံထားတာပါ။

photo credit pngtree

ထိုကြီးကျယ်ခမ်းနားလှသော အဆောက်အအုံ အတွင်းပိုင်းဟာ လင်းလက်တောက်ပနေကာ ကောင်းကင်ပြင် အရောင်ဟပ်နေစေရန် ပြုလုပ်ထားပြီး စပိန်နိုင်ငံ၊ ဘိုလ် ဘေရိုမြို့သို့ ခရီးသည်များ အများအပြားလာရောက်ကြရန် ဆွဲဆောင်နေသော အဆောက်အအုံတစ်ခုအဖြစ် ရပ်တည် နေတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။