နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ပြေတီဦး နေတိုးနဲ့ အူဝဲတို့ကို ရှုတင်တစ်ခုတည်းမှာ တွေ့ရဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒီတစ်ခါတော့ သူတို့သုံးယောက်ကို အတူတူတွေ့လိုက်ရတဲ့အတွက် ပရိသတ်တွေက ဝမ်းသာနေကြပါတယ်။ ဒါ့အပြင် သူတို့သုံးယောက်ကို ဘေးကနေရိုက်ထားတဲ့ သဘာဝပုံလေးတွေကလည်း ပိုလို့တောင် အသက်ဝင်လှပါတယ် ပရိသတ်ကြီးရေ.......

တကယ်တော့ နေတိုးနဲ့ အူဝဲတို့ နှစ်ယောက်က "ကိုရွှေမောင် မရွှေမ" ဘဝ ဟာသဇာတ်ကားကို အတူရိုက်ကူးနေတာ ဖြစ်ပြီး ပြေတီဦးကတော့ "ရယ်မောခြင်း Website" ဆိုတဲ့ကားကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပြေတီဦးကလည်း သူ့ရဲ့အကောင့်မှာ နေတိုးနဲ့ အတူပုံတင်ထားတာမို့ သူတို့ရှုတင်က နီးရင်နီး မနီးရင် တနေရာတည်းမှာပဲ ဖြစ်မှာပဲလို့ ဆိုနိုင်ပါ ပရိသတ်ကြီးရေ....

ကဲ ပရိသတ်ကြီးအတွက် သူတို့သုံးယောက်ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရဓာတ်ပုံလေးတွေကို တင်ပေးလိုက်ပါတယ်နော်......

Source: Our Princess Eu Wae Group.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။