ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးခြားအံ့သြဖွယ် တံတားကြီးတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ "Stari Most" တံတားဟောင်း အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဘော့စ်နီးယားနှင့် ဟာဇီဘိုဗီးနား နိုင်ငံမြို့တော် မို့စ်တာရှိ နီရက်ဗာ မြစ်ကို ဖြတ်သန်းထားတဲ့ ဒေသအခေါ် စတာရီ မို့စ် ဖြစ်ပြီး တံတားဟောင်းလို့ အဓိပ္ပာယ်ရပါတယ်။ ၁၅၆၆ ခုနှစ်မှာ အော်တိုမန် တာ့ခ် များတည်ဆောက်ခဲ့သော ထိုတံတား ဟောင်းဟာ သက်တမ်း ၄၂၇ နှစ် ရှည်ကြာခဲ့တာပါ။ ၁၉၉၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘော့စ်နီးယား ပြည်တွင်းစစ်အတွင်းမှာ ဖျက်ဆီး ခြင်းခံခဲ့ရပါတယ်။

photo credit pngtree

တံတားကို ပြန်လည် တည်ဆောက်ခဲ့ကာ ၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါယ်။ မြို့တော်ရှိ လူငယ်များဟာ ထိုတံတားပေါ်မှ နီရက်ဗာ မြစ်အတွင်းသို့ ခုန်ချပြီး ရေကူးလေ့ရှိပါတယ်။ မြစ်ရေဟာ အလွန်အေး သဖြင့် ထိုသို့ ခုန်ချကြခြင်းဟာ အန္တရာယ်များတဲ့ ပျော်ရွှင်မှု ဖြစ်သော်လည်း ကျွမ်းကျင်ပြီး လေ့ကျင့် ထားသော ရေငုပ်သမားများဟာ ခုန်ချနိုင်ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။