ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Florence Cathedral" ဖလောရင့်စ် ရဲတိုက် အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ဖလောရင့်စ်ရဲတိုက်ဟာ အီတလီနိုင်ငံ၊ ဖလောရင့်မြို့မှာ တည်ရှိတဲ့ ခရစ်ယာန်ကျောင်း ဖြစ်ပါတယ်။ ဂေါသစ်ဟန်လက်ရာ ရဲတိုက် အဆောက်အအုံကြီးကို ၁၂၉၆ ခုနှစ် စက်တင်ဘာလ ၉ ရက်မှာ ပန္နက်ချခဲ့ကာ ၁၄၃၆ ခုနှစ်ရောက်မှ ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။

photo credit pngtree

ရဲတိုက်ဒီဇိုင်းရေးဆွဲသူသည် Arnolfo di Cambio ဖြစ်ပြီး အမိုးခုံးကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။ အုတ်နှင့်ကျောက်များဖြင့် တည်ဆောက်ထားတဲ့ ရဲတိုက်အဆောက်အအုံဟာ အလျား ၅၀၂ ပေ၊ အနံ ပေ ၃၀၀ ၊ အမြင့် ၃၇၆ ပေရှိကာ ကြမ်းခင်း ဧရိယာ စုစုပေါင်းသည် ၈၉ ၀၀၀ စတုရန်းပေဖြစ်ပါတယ်။ အမိုးခုံးနှင့် အတွင်းတိုင်လုံးနှစ်တန်းပါရှိတဲ့ ဘုရားရှိခိုးကျောင်း ခန်းမရဲ့ အပြင်ပိုင်းဟာ အဖြူရောင်အနားကွပ်ထားတဲ့ အစိမ်းရောင်နှင့် ပန်းရောင် ကျောက်သားမှန်ပုံကွက်များ ပြုလုပ်ထားတာပါ။

photo credit pngtree

၁၉ ရာစုမှာ အဆောက်အအုံမျက်နှာစာပိုင်းကို မွမ်းမံပြင် ဆင်ခဲ့ပါတယ်။ အဆောက်အုံ သုံးခု စုပေါင်းထားတဲ့ ဖလောရင့်စ်ရဲတိုက်ဟာ ၁၉၈၂ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်တစ်ရပ်ဖြစ် လာခဲ့ပါတယ်။ ရဲတိုက်ရှိ အမိုးခုံးဟာ ကမ္ဘာပေါ်မှာ အုတ်ဖြင့်ပြုလုပ်ထားတဲ့ အမိုးခုံးများတွင် အကြီးဆုံးဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။