မြန်မာစကားကိုတော်တော်ရေလည်အောင်ပြောတတ်တယ်လို့ နာမည်ကြီးတဲ့ ဂျာမန်အဆိုတော်လေး Mikis ဟာ

မြန်မာစကားကို ဆရာနဲ့ ကျကျနနသင်ကြားခဲ့တာမဟုတ်ဘဲ လမ်းပေါ်၊ လက်ဖက်ရည်ဆိုင်နဲ့ သူငယ်ချင်းတွေဆီက သင်ယူခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။

ဒါကြောင့်မို့ သူ့ကိုယ်သူ မြန်မာစကား သေချာမသိဘူးလို့ ခံယူထားတဲ့ Mikis ဟာ မြန်မာစကားကို ဆက်လက်သင်ယူဖို့လည်း စိတ်ဝင်စားနေသူပါ။

ခုလက်ရှိမှာတော့ ဆရာတစ်ယောက်နဲ့ မြန်မာစာကို အခြေခံကစပြီး သင်ယူနေပါပြီ ။

"အခု ဆရာတစ်ယောက်ရှိနေပြီ။သူက ကကြီး ၊ ခခွေး သင်ပေးနေတယ်။ ဒါပေမဲ့ ခက်တယ်။ အရမ်း အရမ်း လောလို့မရဘူး။ စိတ်ကို အေးအေးထားရတယ်။ ဒါပေမဲ့ ကတိပေးတယ်။ ဗမာစကားကို နောက်တစ်နှစ်မှာ အကုန်ပြောတတ်မယ်” လို့ Mikis Weber က Myanmar People Magazine ကို ပြောခဲ့တာ ဖြစ်ပါတယ်။

Mikis ဟာ အားပေးတဲ့မြန်မာပရိတ်သတ်တွေ အများအပြားရရှိထားပြီး အိချောပို၊ ပိုင်ဖြိုးသုတို့နဲ့အတူူ ရုပ်ရှင်ရိုက်ကူးဖို့လဲရှိပါတယ် ။

ရှေ့ဆက်မယ့် အနုပညာလမ်းကြောင်းနဲ့ ပတ်သတ်ပြီးတော့ ... 

" Visa သက်တမ်းကတော့ နောက်တစ်နှစ်ရှိသေးတယ်။ဒါပေမယ့် အကြာကြီးနေချင်တယ်။အခုထိတော့ ဗမာစကားကို မသိဘူး။ တချို့ စကားလုံးတွေ မပြောတတ်ဘူး။ဒါကြောင့် ကျွန်တော် ခဏခဏတိုင်ပတ်နေတယ်။ အင်တာဗျူး အများကြီးရှိတယ်။ ရုပ်ရှင်ရိုက်မယ်။ကြော်ငြာရိုက်မယ် ။ဗမာစကားအများကြီးမှတ်ရတယ်။ Mikis ဗမာစကားလုံးတွေ မသိဘူး” လို့ Mikis က ပြောခဲ့တာ ဖြစ်ပါတယ်။

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။