အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အနေနဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ နောက်ခံလူ လင်ဒီလော့ဖ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း၃၀.ရသန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီလို့ မီဒီယာများက အခိုင်အမာရေးသားလျက်ရှိပါတယ်။ 

ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ နောက်ခံလူ လင်ဒီလော့ဖ်အား မန်ချက်စတာယူနိုင်တက်နည်းပြ မော်ရင်ဟို၏ ကာလရှည်ပစ်မှတ်ထားခေါ်ယူချင်လိုနေတဲ့ နောက်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့တူန်းကလဲ ခေါ်ယူရန်ကြိုးစားခဲ့ဖူးပါတယ်။

ယခုရာသီအပြောင်းအရွှေကကာလမှာ မန်ချက်စတာယူနိုင်တက်အသင်းက ကစားသမားများစွာကို ပစ်မှတ်ထားကြီုးပမ်းလျက်ရှိပြီး ရီးရဲမက်ဒရစ်တိုက်စစ်မှူး မိုရာတာကိုလဲ ခေါ်ယူနိုင်ရန် ကျိန်းသေသလောက်ဖြစ်နေသည်ဟုသိရသည်။ မိုရာတာက မန်ချက်စတာယူနိုင်တက်နဲ့သတင်းများကလဲငြင်းဆန်ခြင်းမရှိသောကြောင့် ရောက်ရန်ရှိနေကြောင်း သိရှိရသည်။

Hein

သတင်းအရင်းမြစ် Mirror Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။