ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ လန်ဒန်မြို့မှာ တည်ရှိတဲ့ "Victoria and Albert Museum" ကျောက်မျက်ရတနာ ပြတိုက်ကြီး အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ တည်ရှိတဲ့ V and A (Victoria and Albert) ဟာ ကမ္ဘာပေါ်မှာ ကျောက်မျက်ရတနာ အနုပညာ လက်ရာနှင့် ဒီဇိုင်းများကို ပြသထားတဲ့ အကြီးဆုံးသော ရတနာ ပြတိုက် ဖြစ်ပါတယ်။

photo credit pngtree

ပြတိုက်မှာ ကျောက်မျက်ရတနာ အမျိုးပေါင်း ၆၀၀၀ ကျော်ပြသထားတာ ဖြစ်ပါတယ်။ ကျောက်မျက် အချောထည်များကို အများဆုံးစုဆောင်းပြသထားတဲ့ ပြတိုက်များအနက် တစ်ခု ဖြစ်တယ်လို့ ပြောရမှာပါ။ ထို ကျောက်မျက်ရတနာများမှာ ရှေးဟောင်းအီဂျစ်ခေတ် လက်ရာများကနေ မျက်မှောက်ခေတ် ကမ္ဘာ့ ထင်ရှားသော ကျောက်မျက်ရတနာ လုပ်ငန်းများက ပြုလုပ်သော လက်ရာများအထိ ပါဝင်တာ ဖြစ်ပါတယ်။

photo credit pngtree

အချို့သော အတုမရှိတဲ့ ရတနာများအဖြစ် "Catherine the Great" အတွက်ပြုလုပ်ခဲ့သော စိန်အဆင်တန်ဆာ၊ တစ်ချိန်က "Marie Antoinette" ပိုင်ဆိုင်ခဲ့သော လည်ဆွဲချိတ်များ၊ နပိုလီယံက သူရဲ့ မွေးစားသမီးကို ပေးခဲ့သော မြ လည်ဆွဲ အပါအဝင် ကျောက်မျက်များစွာကို ပြသထားတာပါ။ ဒါ့အပြင် "V and A" ကို ဝင်ကြေးမကောက်ခံဘဲ အခမဲ့ပြသထားတာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန် မျှော်စင်မှာ တည်ရှိတဲ့ Jewel House ဟာလည်း ကျောက်မျက်ရတနာပြတိုက်တစ်ခုဖြစ်ပြီး ထိုနေရာမှာ ဗြိတိသျှ ဘုရင် စနစ်သုံး သရဖူ ကျောက်မျက်များကို ထိန်းသိမ်းပြသထားတာ ဖြစ်ပါတယ်။ သို့သော် Jewel House ဟာ V&A ပြတိုက်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးဆိုတာ သိထားရမှာပါနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit မောင် သာ ရှေးဟောင်းသုတေသန

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။