အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းအနေနဲ့ လိဂ်ပြိုင်ဘက် လန်ဒန်မြို့ခံကလပ် အာဆင်နယ်အသင်း၏ ကွင်းလယ်ကစား ချိန်ဘာလိန်ကို ခေါ်ယူဖို့ရှိနေကြာင်း မီဒီယာတွေကရေးသားလျက်ရှိပါတယ်။ 

ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း၏ နည်းပြ ယာဂန်ကလော့က အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကိုု ခေါ်ယူရန် မျက်စိကျနေတာဖြစ်ပြီး ပေါင်သန်း၄၀ ဖြင့် ချိန်ဘာလိန်ကို ကမ်းလှမ်းဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်း၏ အင်္ဂလန်လူမျိုးကစားသမား ချိန်ဘာလိန်မှာ အသက်၂၃နှစ်ရှိနေပြီး ၂၀၁၁ ခုနှစ်က အာဆင်နယ်အသင်းကိုရောက်ရှိလာကာ ကွင်းလယ်နေရာစူံတွင် ကစားနိုင်စွမ်းရှိသော ကစားသမားတစ်ယောက်ဖြစ်သည်။

Hein

သတင်းအရင်းမြစ် Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။