ပြင်သစ်လီဂူးကလပ် PSG အသင်း၏နာမည်ကျော် ကွင်းလယ်ကစားသမား ဗာရက်တီကို စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်၈၈သန်းပေးပြီး လမ်းလှမ်းဖွယ်ရှိနေကြာင်းသိရှိရပါတယ်။  

PSG အသင်း၏ကစားသမား အီတလီလူမျိုး ဗာရက်တီကို ဘာစီလိုနာအသင်းသာမက အခြားဥရောပအင်အားကြီးအသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုင်တက် ချယ်ဆီးနဲ့ ဂျူဗင်တပ်အသင်းတို့ကပါ ခေါ်ယူရန် စိတ်ဝင်စားလျက််ရှိပါတယ်။

PSG အသင်း၏ ကစားသမား ဗာရက်တီက သူ့ကိုသူ အိတလီစီးရိအေကလပ်ဂျူဗင်တပ်ရဲပ ပရိသတ်တစ်ဦးဖြစ်တယ်လို့ဝန်ခံဖူးပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ဗာရက်တီကိုခေါ်ယူလိုပါက အလျင်အမြန်ကမ်းလှမ်းရန်လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များကဆိုပါတယ်။

Hein

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။