ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့ ရှေးအကျဆုံး နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အီရန်နိုင်ငံ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်း ပြည်ပ အားကစား သတင်း( E-sports အပါအဝင်)၊ ကမ္ဘာအနှံ့ရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

၁၉၃၅ ခုနှစ်အထိ အနောက်တိုင်းသားများက ပါရှန်လို့သိခဲ့ရတဲ့ ရှေးဟောင်းအီရန်နိုင်ငံကို "Achaemenid" အင်ပါယာအောက်မှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၅၅၀ကတည်းက တည်ထောင်ခဲ့တာပါ။ ပါရှန် အင်ပါယာ မထွန်းကားမီက အီရန်နိုင်ငံ ဖြစ်လာမယ့် နေရာမှာ Elamites မျိုးနွယ်စုများ အပါအဝင် လူအုပ်စုများစွာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အီရန် ယဉ်ကျေးမှု အကြို ကာလမှာ လက်ရှိ အီရန် နှင့် မီးဒီဒစ်တို့မှ ဝေးကွာသော အနောက်ဘက်နှင့် အနောက်တောင်ဘက် ဒေသများမှာ အခြေချနေထိုင်ခဲ့ကြကာ ပါရှန်ခေတ် မရောက်မီ အချိန်အထိ အီရန်ဒေသ အများစုကို ထိန်းချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

Cyrus the Greatလို့ ထင်ရှားတဲ့ Cyrus II ဟာ ခရစ်တော်မပေါ်မီ နှစ် ၅၅၀ မှာ Median ၊ Lydian နှင့် Babylonian အင်ပါယာများကို အောင်နိုင်ခဲ့ပြီး ပါရှန်အင်ပါယာကို ထူထောင်ကာ အီရန်ဒေသကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ Achaemenid အင်ပါယာ ဧကရာဇ်များဟာ ခရစ်တော် မပေါ်မီ နှစ် ၃၃၀ မှာ ပါရှန်အင်ပါယာကို Alexander the Great အနိုင်မယူမီ အချိန်အထိ အုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ မျက်မှောက်ခေတ် အီရန်နိုင်ငံကို ၁၉၇၉ ခုနှစ်မှာ အီရန်တော်လှန်ရေးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘုရင်စနစ်ကျဆုံးခဲ့ကာ အစ္စလာမ်သမ္မတ နိုင်ငံအဖြစ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။