ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျပန်အင်ပါယာရဲ့ ပထမဆုံး ဘုရင့် ဧကရာဇ် နိုင်ငံတော် ပေါ်ပေါက်ခဲ့တဲ့ အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်မီ နှစ် ၆၆၀ မှာ ဂျပန်အင်ပါယာရဲ့ ပထမဆုံး ဧကရာဇာ် "Jimmu" နန်းတက်ကာ ဂျပန်ဘုရင့် နိုင်ငံတော်ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ "Jimmu" ဟာ ဂျပန်နိုင်ငံရဲ့ ဒဏ္ဍာရီဆန်သော ဧကရာဇ် ဖြစ်ပြီး ဂျပန်လူမျိုးများက "Jimmu" ကို နေနတ်သမီး "Amaterasu" မှ ဆင်းသက်လာသူလို့ ယုံကြည်ကြတာပါ ။

photo credit pngtree

ဂျပန်နိုင်ငံရဲ့ အစောပိုင်း ရာဇဝင်ကျမ်းနှစ်စောင်ဖြစ်တဲ့ "Kojiki"နှင့် "Nihon Shoki"တို့ အဆိုအရ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ဧကရာဇ်ဟာ "Jimmu" ဖြစ်ပါတယ်။ "Jimmu" ရဲ့ နောက်တွင်ဆက်ခံခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အစောဆုံး ဧကရာဇ်များဟာ အမှန်တကယ် အုပ်ချုပ်ခဲ့တယ်ဆိုတာကို ခိုင်လုံသော အထောက်အထားများ မတွေ့သေးသဖြင့် ဒဏ္ဍာရီဆန်နေခဲ့တာ ဖြစ်ပါတယ်။ သမိုင်းပညာရှင်များက ထိုဧကရာဇ်များ ရှိခဲ့တာ ဟုတ်မဟုတ်ကို ခိုင်မာစွာ မပြောနိုင်ကြဘဲ ခရစ်တော်မပေါ်မီ နှစ် ၁၃၀၀၀မှာ အာရှကုန်းမြေမှ လူသားများ ဂျပန်နယ်မြေသို့ ရောက်ရှိလာကြောင်းကိုတော့ သိရှိခဲ့ကြပါတယ်။

photo credit pngtree

ဂျပန်နိုင်ငံရဲ့ အစောဆုံး မှတ်တမ်းတင်ခဲ့တဲ့ သမိုင်းဟာ ခရစ်နှစ် ၂၅၀ မှ ၅၃၈ ခုနှစ်အတွင်း ထွန်းကားခဲ့သော Kofun ခေတ်ဖြစ်ပါတယ်။ ဂျပန်ဧကရာဇ် "Jimmu"ရဲ့ ဇာတ်လမ်းဟာ နှုတ်ပြော ရာဇဝင်ဖြစ်သော်လည်း ဂျပန်နိုင်ငံဟာ Jimmu နန်းတက်ခဲ့တယ်လို့ ဆိုသော ခရစ်တော်မပေါ်မီ နှစ် ၆၆၀ ဖေဖော်ဝါရီလ ၁၁ ရက်ကို ရည်ညွှန်းပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဂျပန်နိုင်ငံအမျိုးသားနေ့ကို ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။