ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ တောင်ကိုးရီးယားနိုင်ငံက လည်ပတ်စရာကောင်းသော နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "စူဝမ်" မြို့အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ တောင်ကိုးရီးယားဟာ ခရီးသွားတွေအတွက် ခေတ်မီတိုးတက်ပြီး ဆွဲဆောင်မှုများဖြင့် စိတ်လှုပ်ရှားဖွယ် နေရာ တစ်ခု ဖြစ်ပါတယ်။ ဆိုးလ်လိုမျိုး တောင်ကိုရီးယားနိုင်ငံရဲ့ အဓိက မြို့ကြီးမှာ ဆန်းကြယ်သော အလှမျိုးကို တွေ့ရသလို ထို့မြို့လေးဟာလည်း သမိုင်းဝင်မှတ်တမ်းအချို့နဲ့ ထင်ရှားလှပနေတာ ဖြစ်ပါတယ်။

photo credit pngtree

တောင်ကိုရီးယားဟာ ရှုမြင်ကွင်းကောင်းမွန်လှပတဲ့ အမျိုးသားဥယျာဉ်များ၊ ခေတ္တရပ်နားကာ ပတ်ဝန်းကျင်ကို ခံစား ပျော်ရွှင်ရမယ့် များစွာသော နေရာများရှိနေပါတယ်။ ပင်လယ်ကမ်းလွန်ရှိ ကျွန်းများကနေ ကိုရီးယားကျွန်းဆွယ် အလယ်ရှိ နယ်စပ် ဒေသအထိ တောင်ကိုရီးယားနိုင်ငံမှာ မရေတွက်နိုင်သော ကြည့်ရှုရမယ့် နေရာများ၊ ရှာဖွေရမယ့် အရာများလည်းရှိနေကြတာ ဖြစ်ပါတယ်။ စူဝမ် "Suwon"ဟာ ဂျောင်ရောင်ဂျီ (Gyeonggi) ပြည်နယ်က မြို့တော်ဖြစ်ပြီး ဆိုးလ်မှ မိုင်၂၀ သာကွာဝေးကာ မော် တော်ကား သို့မဟုတ် မီးရထားဖြင့် အလွယ်တကူသွားရောက်နိုင်တာ ဖြစ်ပါတယ်။

photo credit pngtree

စူဝမ်သို့ လာရောက်လည်ပတ်ကြသူများဟာ "Big Bird"လို့ ချစ်စနိုးခေါ်ကြတဲ့ ကမ္ဘာ့ ဖလားပွဲဘောလုံးကွင်းကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ထိုဘောလုံးကွင်းမှာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးယှဉ်ပြိုင်ပွဲ ဒုတိယ အကြို ဗိုလ်လုပွဲ (ကွာတားဖိုင်နယ်ပွဲ) များကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေဟာ ဘောလုံးပွဲကို စိတ်မဝင်စားပါက ၁၈ ရာစုက တည်ဆောက်ခဲ့တဲ့ ဟွာဆောင် (Hwaseong) သမိုင်းဝင် ခံတပ်ကို သွားရောက်ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။ ထိုခံတပ်မှာ ဗိသုကာ လက်ရာများကို ကြည့်ရှုနိုင်တာအပြင် အဆောက်အအုံ အပေါ်ထပ်မှာ မြားပစ်အားကစားကို ကိုယ်တိုင် ကစားကြည့်နိုင်တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။