ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ရှေးဟောင်း ဒင်္ဂါးပြားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Hallaton Silver Coin" အကြောင်းကိုဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ခရစ်တော်မပေါ်မီ ၂၁၁ ခုနှစ်မှာ သုံးစွဲခဲ့တဲ့ ငွေဒင်္ဂါးရဲ့ မူလဟာ အီတလီနိုင်ငံ၊ ရောမမြို့မှဖြစ်ပြီး ထိုဒင်္ဂါးကို အင်္ဂလန်နိုင်ငံ၊ Hallaton မှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

၂၀၀၀ ပြည့်နှစ်တွင် Hallaton Fieldwork အဖွဲ့မှ လုပ်အားပေးတစ်ဦးဟာ Hallaton ဒင်္ဂါးပြား ၁၃၀ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ရှေးဟောင်းသုတေသန ပညာရှင်များပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဗြိတိသျှနိုင်ငံ၊ သံခေတ်ကာလ အကြီးဆုံးရတနာသိုက်လို့ သိရှိထားကြသော Hallaton Treasure နေရာမှာ တူးဖော်ခဲ့ကြရာ ဒင်္ဂါးပြားများကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုအဖွဲ့ဟာ ငွေနှင့် ရွှေဒင်္ဂါး အပြား ၅၀၀၀ ကျော်နှင့် ကျောက်မျက်ရတနာများ၊ ရောမခေတ် စစ်ရေး ပြပွဲမှာ အသုံးပြုတဲ့ ငွေရည်စိမ် ဦးဆောင်းခမောက် တစ်လုံးအပါအဝင် အခြား အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ထိုသို့ရရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းများမှာ ခရစ်တော်မပေါ်မီ ၂၁၁ ခုနှစ်က ငွေဒင်္ဂါးတစ်ပြားပါဝင်ခဲ့ရာ ထိုဒင်္ဂါးဟာ ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သော ရောမခေတ်ဒင်္ဂါးများထဲတွင် အစောဆုံးဖြစ်ပါတယ်။ ဒင်္ဂါးရဲ့ မျက်နှာ တစ်ဘက်မှာ Roma နတ်ဘုရားမပုံကို ခပ်နှိပ်၍ အခြားတစ်ဘက်မှာ ဒဏ္ဍာရီတွင်ပါရှိတဲ့ Castor နှင့် Pollux အမြွာက မြင်းစီးနေသော ပုံကို ပြုလုပ်ထားတာပါ။ ရှေးဟောင်းသုတေသန ပညာရှင်အချို့က ထိုဒင်္ဂါးတွေဟာ ရောမတို့ အောင်မြင်မှုမရရှိမီ အေဒီ ၄၃ ခုနှစ်မတိုင်မီကပင် ဗြိတိန်နှင့် ရောမတို့ ကုန်သွယ်မှုများ ပြုလုပ်ခဲ့သော အထောက်အထားလို့ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။