မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်မှုတွေရရှိခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နန်းမြတ်ဖြိုးသင်းက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်မေမေဘဝကို ခံယူထားတာ ဖြစ်ပါတယ် ။ ဒီနေ့ဇွန်လ (၂)ရက်နေ့လေးကတော့ နန်းမြတ်ဖြိုးသင်းရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူမအနေနဲ့မွန်မြတ်တဲ့အလှူလေးတစ်ခုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Nann Myat Phyo Thinn's FB Page

နန်းမြတ်ဖြိုးသင်းက Covid-19 ဖြစ်ပွားနေတဲ့ကာလမှာ အခက်ကြုံနေရတဲ့အနုပညာလောကသားတွေထဲက (၁၀)ဦးကိုရွေးချယ်ပြီး တတ်နိုင်သလောက်ကူညီလှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ နန်းမြတ်က "နန်းမြတ်ရဲ့ဒီနေ့မွေးနေ့အလှူလေးကိုအားလုံးနဲ့မျှဝေချင်ပါတယ် နန်းမြတ်တို့အနုပညာလောကမှာခုချိန် COVID-19ကြောင့် အလုပ်တွေအားလုံးနားထားရပြီးအားလုံးခက်ခဲနေကြရတဲ့အချိန်ပါ အဲ့အတွက်နန်းမြတ်က လိုအပ်နေသူတွေထဲကမှ ၁၀ဦးကိုတစ်ဦးလျှင် ၁သိန်းနှုန်းနဲ့ ၁၀သိန်းလှူဒါန်းဖြစ်ခဲ့ပါတယ်

Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page

အလှူလိုက်လုပ်ရင်း ကိုယ့်လောကသားကလူတွေကိုတွေ့ရလို့ဝမ်းသာသလို အဆင်မပြေကြလို့ဝမ်းလည်းနည်းမိတယ်အားလုံးရဲ့ပျော်ရွှင်မှုတွေကတော့ နန်းမြတ်အတွက်ပြောမပြနိုင်တဲ့ပီတိတွေပါပဲ ဒီထက်ထိလည်း အများကြီးလှူချင်ပါသေးတယ် နန်းမြတ်ရဲ့အလှူလေးကို အားလုံးထပ်တူရစေရန် မျှဝေလိုက်ပါတယ်နော် သာဓုခေါ်နိုင်ကြပါစေ"ဆိုပြီး ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မွေးနေ့မှာမွန်မြတ်တဲ့အလှူတစ်ခုပြုခဲ့တဲ့ နန်းမြတ်ဖြိုးသင်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Nann Myat Phyo Thinn's FB Page

Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page
Photo Credit-Nann Myat Phyo Thinn's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။