ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဗီယက်နမ်နိုင်ငံက လည်ပတ်ချင်စရာကောင်းသော "ဟွိုင်အန်း" နှင့် "ဟနွိုင်" နှစ်နေရာ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဗဟိုတောင်ပိုင်းမှာ တောင်တရုတ်ပင်လယ် ကမ်းခြေမှာ တည်ရှိတဲ့ ဟွိုင်အန်းဟာ လှပသော မြို့ တစ်မြို့ဖြစ်ပြီး သက်တမ်းနှစ် ၂၀၀၀ ရှိတာဖြစ်ပါတယ်။ ချန်ပ မင်းဆက်မှ မြို့ဟောင်းလည်းဖြစ်ပြီး ဟွိုင်အန်းရဲ့ သမိုင်းဝင် ဗိသုကာ လက်ရာ များ၊ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက် ချည်ထည်များကြောင့် ဟွိုင်အန်းဟာ ဗီယက်နမ်နိုင်ငံမှာ သွားရောက်လည်ပတ်ရမယ့် နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

photot credit pngtree

ဟွိုင်အန်းဟာ စိတ်လှုံ့ဆော်မှုကိုဖြစ်စေတဲ့ မြို့ဟောင်းဖြစ်ပြီး လမ်းလျှောက်၍ ပတ်ကြည့်နိုင်တဲ့ သေးငယ် သော နေရာဖြစ်ပါတယ်။ မြို့ဟောင်းမှ ကျဉ်းမြောင်းပြီး ကွေ့ဝိုက်နေတဲ့ လမ်းများမှာ လှပသော ဗိသုကာ လက်ရာဟောင်းများ၊ ရိုးရာ သစ်သားအိမ်များ၊ အဝတ်အစား၊ဖိနပ်၊ အိတ်၊ အမှတ်တရပစ္စည်းရောင်းချတဲ့ ဈေးဆိုင်များက စီတန်းနေကြကာ ရိုးရာအတိုင်းဝန် ဆောင်မှုများ ပေးလျက်ရှိပါတယ်။ နောက်ထပ် တစ်နေရာကတော့ ဟနွိုင်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်လို့ ဆိုရမှာပါ။

photot credit pngtree

ဟနွိုင်မြို့ လယ်မှာ ရပ်ကွက်ဟောင်း၊ သမိုင်းဝင် အာရှနှင့် ပြင်သစ်ကိုလိုနီ ဗိသုကာ လက်ရာများကို လေဟာပြင်ပြတိုက်မှာ ပြသထားတာ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဗုံးကြဲ ခံခဲ့ရသော်လည်း ထိုအဆောက်အအုံများဟာ မူလလက်ရာအတိုင်း ကျန်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ထိုနေရာမှာ မြင်ကွင်း လှပသော အပင်များ တန်းစီနေတဲ့ လမ်းမများအကြားမှာ ခရီးသွားများဟာ လူများ ရှုပ်ထွေးနေတဲ့ ဈေးများကို လေ့လာနိုင်ကြပြီး ထူးခြားသော ကဖီၤးဆိုင်များမှာ ကော်ဖီများကို သောက်သုံးနိုင်ကြပါတယ်။ ထို့အတူ ခမ်းနားသော အော်ပရာ ကဇာတ်ရုံ၊ သမ္မတ နန်းတော်နှင့် စိန့်ဂျိုးဇက် ဘုရားကျောင်းများသို့ လည်ပတ်နိုင်ကြမှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photot credit pngtree

photot credit pngtree
photot credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။