ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အစောဆုံး တီထွင်ခဲ့ကြတဲ့ မော်တော်ယာဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Benz Patent Motorwagen" မော်တော်ကား အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သား သိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

Motorwagen အမည်ဖြင့် တီထွင်ခဲ့သော မော်တော်ယာဉ်ကို ၁၈၈၅ ခုနှစ်မှာ Karl Benz က တီထွင်ခဲ့ပြီး မူပိုင်ခွင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင် ထုတ်လုပ်ခဲ့တဲ့ မော်တော်ယာဉ်များရှိခဲ့သော်ညလး ကမ္ဘာ့ ပထမဆုံး မော်တော်ကား အဖြစ် မကြာခဏဆိုသလို အသိအမှတ်ပြု သတ်မှတ်ခြင်း ခံခဲ့ရတာပါ။ ဓာတ်ဆီလောင်စာသုံးပြီး အင်ဂျင်တပ်ဆင်ထားတဲ့ ထိုကားဟာ အင်ဂျင်အတွင်း အောက်ဆီဂျင်နှင့် လောင်စာကို ပေါင်းစပ် လောင်ကျွမ်းစေခြင်းဖြင့် ပန်ကာကို လည်ပတ်စေရန် ပထမဆုံး တီထွင်ခဲ့သော ယာဉ်ဖြစ်ခဲ့ပါတယ်။

photo credit pngtree

Karl Benz ဟာ သူ့ရဲ့ မော်တော်ကားကို ၁၈၈၅ ခုနှစ်မှာ တီထွင်ခဲ့သော်လည်း ၁၈၈၆ ခုနှစ် နှောင်းပိုင်းအထိ မူပိုင်ခွင့်မရရှိခဲ့ဘဲ ဂျာမနီနိုင်ငံ၊ မန်ဟိုင်းမ်မြို့မှာ ပြည်သူများအား ပြသခဲ့တာ ဖြစ်ပါတယ်။ Benz ဟာ ၁၈၇၃ ခုနှစ်မှာ ဓာတ်ဆီ လောင်စာသုံး နှစ်လုံးထိုးအင်ဂျင်ကို ပထမဆုံး အောင်မြင်စွာ တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက် ၁၀ နှစ်အတွင်းမှာလည်း အင်ဂျင်ဖြင့် မောင်းနှင်နိုင်တဲ့ ယာဉ်တစ်စီးကို တီထွင်ရန် အချိန်ယူခဲ့ကာ ဒီဇိုင်း ထုတ်သူ၊ အင်ဂျင် စက်များနှင့် ဆက်စပ်ပစ္စည်း အစိတ်အပိုင်းများကို ပုံသေ ထုတ်လုပ်သူ တစ်ဦးအဖြစ် ရပ်တည်ခဲ့တာပါ။ သူဟာ ၁၈၈၆ ခုနှစ်မှ ၁၈၉၃ ခုနှစ်အတွင်း "Patent-Motorwagens" မော်တော်ကား ၂၅ စီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။