မြန်မာပြည်က မင်းသားတွေအနက် ကျား၊မ မရွေး ပရိသတ်အများဆုံးရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားသူကတော့ သဘာဝမင်းသားလို့ချစ်စနိုးခေါ်ကြတဲ့ မြင့်မြတ်ပါပဲ။

ခိုးဆိုးလုနှိုက် ရုပ်ရှင်ဇာတ်ကားကြီးအပါအဝင် လက်တလောလူမှုကွန်ရက်မှာ ခေတ်စားနေတာကတော့ ဗိုလ်အောင်ဒင်ဇာတ်ရုပ်ပါပဲ။ဒီဇာတ်ကားမှာ ဗိုလ်အောင်ဒင်အဖြစ် အသံတစ်မျိုးနဲ့ ကြည့်ရှုသူပရိသတ်တွေကိုပါ ရယ်မောစရာတွေပေးစွမ်းနိုင်ခဲ့ပါတယ်။

ယခုနှစ် အကယ်ဒမီနဲ့ ရေစက်မပါလိုက်ပေမယ့်လည်း ရင်ထဲက အကယ်ဒမီရရှိထားတဲ့ မင်းသားတစ်လက်လို့ လည်း တင်စားကြပါသေးတယ်။

မြင့်မြတ်ကို အားပေးသူပရိသတ်(၁၅)သန်းခန့်ရှိပြီး ပရိသတ်အားပေးမှုအများဆုံးပိုင်ဆိုင်ထားတဲ့ မင်းသားတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

သူဘာကြောင့် ဒီလိုအခြေအနေမျိုး ရရှိထားလဲဆိုတာ ပရိသတ်တွေသိပြီးလောက်မှာပါ။

မြင့်မြတ်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ တက်တူးမင်းသားလို့ နာမည်ကြီးခဲ့ခြင်း ၊မြန်မာ့ရုပ်ရှင်လောကမှာ သူက ကျုးကျော်ရပ်ကွက်မှာ ပထမဆုံးဇာတ်ကားရိုက်ကူးတဲ့ မင်းသားအဖြစ် စံချိန်တင်ခြင်း(ခိုးဆိုးလုနှိုက်) ၊ ဇာတ်လမ်းရိုက်ရာမှာဘာပကာသနမှမထားပဲ ပီပြင်စွာသရုပ်ဆောင်တတ်ခြင်း ၊အပြင်မှာနေပုံထိုင်ပုံကလည်း ပွင့်လင်းရိုးသားပြီး ဟန်ဆောင်မှုကင်းခြင်း၊ ဘယ်နေရာဖြစ်ဖြစ် ပီပြင်စွာသရုပ်ဆောင်တတ်ခြင်း ၊အနုပညာလောကမှာသာမက အချစ်ရေးနဲ့ပတ်သက်ပြီး နာမည်ပျက်မရှိပဲ ချစ်သူအပေါ်သစ္စာရှိရှိချစ်တတ်ခြင်း ၊အငို ၊အရယ် ၊အလွမ်း ၊အကြမ်း ဇာတ်ရုပ်စုံအောင် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် တောရော မြို့ပါမကျန် မြင့်မြတ် ဇာတ်ကားဆိုရင် အတော်လေးအားပေးကြပါတယ်။ အလှုအတန်းလည်းရက်ရောပြီး မာန်မာနမရှိတဲ့အချက်တွေကြောင့်လည်း လူချစ်လူခင်များနေတာပါ။

ဒွေးရဲ့ ခြေရာအတိုင်း တစ်သွေမတိုင်းမလိုက်နိုင်သေးပေမယ့်လည်း ဒွေးသေပြီးနောက် သဘာဝအကျဆုံးမင်းသားတစ်လက်လို့ပဲ ပြောရမှာပါ။

မြင့်မြတ်ကို အားပေးတဲ့ပရိသတ်တွေရှီလား။

သတင်းအရင်းမြစ် Myidol

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။