Wonder Woman ရုပ်ရှင်ကားက ကြည့်ရှုသူတွေကို ပေါ့ပေါ့ပါးပါး ဒရာမာဆန်ဆန် မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုဖော်ကျူးထားပြီး အမျိုးသမီးသူရဲကောင်းတစ်ဦးရဲ့ဂျာမနီစစ်သားတွေနဲ့တိုက်ခိုက်ဖျက်ခန်းတွေကို ကြည့်ရှုခွင့်ရစေတဲ့ အမျိုးသမီးဇာတ်ကောင်ကဇာတ်ဆောင်ဖြစ်တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ အချစ်နဲ့စစ်ကို အတူတကွဖော်ကျူးထားတဲ့ ရုပ်ရှင်ကား ဆိုလည်း မမှားပါဘူး။ 

Spoilers Warning

ဇာတ်လမ်းအစမှာ Wonder Woman တစ်ဖြစ်လဲ Diana Prince ထံသို့ Batmanတစ်ဖြစ်လဲ Bruce Wayne ပိုင်တဲ့ Wayne Enterprises ကနေတစ်ဆင့် Bruce က Diana ပါဝင်တဲ့ ပထမကမ္ဘာ့စစ်က ပုံလေးကို Diana ထံပို့လိုက်ပြီး Dianaက သူ့အတိတ်စဉ်းစားပုံကစပါတယ်။ ကမ္ဘာ့ဦးအစမှာ Zeus က လူသားတွေကို ဖန်တီးခဲ့သော်လည်း သားဖြစ်သူ စစ်နတ်ဘုရားAres ကမနာလိုကာ လူသားတွေကို စစ်မက်တွေဖြစ်ပွားအောင်လုပ်ခဲ့ပြီး သူ့ကိုတားတဲ့ နတ်ဘုရားတွေအားလုံးပါသတ်ခဲ့ပါတယ်။ Zeus က Ares ကိုနိုမ်နှင်းနိုင်ခဲ့ပြီး Ares ကလူ့ပြည်သို့ကျသွားကာ သေခါနီးဖြစ်နေတဲ့ Zeusက Amazonမိန်းမစစ်သည်တို့ရဲ့ခေါင်းဆောင် Hippolytaကို Aresကိုသတ်နိုင်တဲ့ God Killer ဆိုတဲ့ လက်ဆောင်ကိုပေးခဲ့ပါတယ်။

Hippolyta က Dianaရဲ့အမေဖြစ်ပြီး Diana က Amazonတို့ရဲ့ နိုင်ငံကျွန်းဖြစ်တဲ့Themyscira မှာစစ်ရေးလေ့ကျင့်ပြီး အရွယ်ရောက်လာပါတယ်။ တစ်ရက်မှာ လေယာဉ်တစ်စီး ကျွန်းထံသို့ပျက်ကျလာပြီး လေယာဉ်မှူးကိုလိုက်ဖမ်းနေတဲ့ စစ်သားတွေပါ ရောက်ရှိလာကာ Amazonတို့နဲ့ တိုက်ပွဲဖြစ်ပါတယ်။ လေယာဉ်မှူးက Amazon တို့ကို သူကမဟာမိတ်ဘက်ကစစ်သားဖြစ်ပြီး တစ်ဖက်ကဂျာမနီပါဝင်တဲ့ တပ်တွေနဲ့ ပထမကမ္ဘာ့စစ်ဖြစ်ကာ လူတွေသန်းချီသေနေကြာင်းပြောသောကြောင့် မင်းသမီးလေး Diana က Ares လက်ချက်ကြောင့်ဟုထင်ကာ လူသားကမ္ဘာ့သို့ လေယာဉ်မှူးSteveနဲ့အတူလိုက်ပါက Ares ကိုနိုမ်နင်းရန်ထွက်လာ……..

ယခု Wonder Woman ရုပ်ရှင်ကားက Warner Bros နဲ့ DC Comics တို့ရိုက်ကူးလျက်ရှိတဲ့ DCEU ရဲ့ အဆက်ဖြစ်ပြီး DCEU ရဲ့ ၄ကားမြောက်ရုပ်ရှင်ကားဖြစ်ကာ သူ့အရှေ့မှာ Man of Steel, Batman V Superman: Dawn of Justice, Suicide Squad တို့ထွက်ရှိထားပါတယ်။ ယခု Wonder Woman ရုပ်ရှင်ကားမှာ ပထမကမ္ဘာ့စစ်မှာအခြေတည်ထားသောကြောင့်ပရိသတ်တွေအနေနဲ့ အခြားDCဇာတ်ကောင်တွေကို မြင်တွေ့ရမှာ မဟုတ်သလို Post Credit အခန်းလဲမပါဝင်ပါဘူး။ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ DCEU အနေနဲ့ Suicide Squad ရုပ်ရှင်ကားကစပြီး သူတို့ရဲ့ ရုပ်ရှင်တွေကို အရင် Man of Steel နဲ့ Batman V Superman: Dawn of Justice တို့လို့ ဇာတ်အိမ်Serious ဖြစ်အောင် မရိုက်ကူးတော့ဘဲ ပေါ့ပေါ့ပါးပါးတွေရိုက်ကူးလာတာတွေ့ရပါတယ်။

Man of Steel နဲ့ Batman V Superman: Dawn of Justice တို့ကို 300 နဲ့ The Watchmen တို့လို ရုပ်ရှင်တစ်ခေတ်ဆန်းစေခဲ့တဲ့ကားတွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Zack Synder က အမှောင်ဆန်ဆန်အခန်းတွေ မထင်မှတ်ထားတဲ့Plotsတွေ Quotesအလန်းတွေနဲ့ ရိုက်ကူးခဲ့သော်လည်း ဝေဖန်ရေးသမားတွေက သိပ်ဘဝင်မတွေ့ပါဘူး။ အထူးသဖြင့် BvS ကဝေဖန်မှုတွေများစွာကြုံခဲ့ရသလို ဝင်ငွေကလဲမှန်းသလောက်မရခဲ့ပါဘူး။ DC အမာခံပရိသတ်တွေအချို့ကသာ BvSကို Epic လိုသတ်မှတ်ခဲ့တာပါ။ ဒါကြောင့် ယခု Wonder Woman မှာ နာမည်ကျော်အမျိုးသမီးဒါရိုက်တာ Patty Jenkins က ဒရာမန်မန်ဆန်ဆန်ပေါ့ပေါ့ပါးပါးရိုက်ခဲ့တာဖြစ်ပြီး အပြောင်းအလဲလိုချင်နေတဲ့ DCဖန်တွေနဲ့ ဝေဖန်ရေးသမားတွေကတော့ အမှတ်ကောင်းကောင်းပေးခဲ့ပါတယ်။ အချို့DCဖန်တွေအဖို့ Wonder Woman က Marvelဘက်ကို လက်မထောင်စရာကိစ္စတစ်ခုဖြစ်လာသလို အချို့DCဖန်တွေအဖို့တော့ Suicide Squadပြီးရင် စိတ်ပျက်စရာDCတစ်ကားလိုဖြစ်လာပါတယ်။ ဒါတွေကတော့ ကြည့်ရှုသူတွေနဲ့သာတိုက်ဆိုင်ပြီး Wonder Woman ကားမကြည့်ရသေးပါက ချစ်သူ့လက်က်ိုုကိုင်ပြီးသွားကြည့်ကြပါ ချစ်သူမရှိသူတွေကတော့ ပေါက်ပေါက်ဆုပ်နဲ့ ရေသန့်ဘူးကိုင်ပြီးသွားကြည့်ရှုကြပါလို့ အရွှန်းဖောက်ပြီး မှာကြားလိုက်ရပါတယ်။

Ratings

IMDb – 8.2/10

Rotten Tomatoes – 93%

Metacritic – 76%

Myanmarload – 3/5

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။