ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အသက်ကြီးဆုံး ဖခင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ "Raymond Calvert" အကြောင်းကို တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။ ထိုလူဟာ အသက်ကြီးမှ အိုဇာတာ ကောင်းပြီး ဇနီးချောလေးကို ပိုင်ဆိုင်ခွင့်ရတာ အပြင် သားယောက်ျားလေးကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ လတ်တလော အနုပညာ လှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစား သတင်း(E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပါဦးနော်။

photo credit မောင် သာ ရှေးဟောင်းသုတေသန

ယူကေနိုင်ငံမှ "Raymond Calvert"ဆိုသူဟာ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ ဇနီးချောလေး"Charlotte Calvert"နဲ့ ပေါင်းဖက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ သူဟာ အသက် ၇၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ သတ္တမမြောက်ရင်သွေး သားယောက်ျားလေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဗြိတိသျှ သတင်းဌာနများက သူရဲ့ သတင်းကို ဖော်ပြချိန်မှာ "Raymond Calvert"ဟာ ၇၉ နှစ်မြောက်မွေးနေ့ကိုကျင်းပခဲ့ပါတယ်။"Raymond Calvert" က သူရဲ့သားဟာ သူ့ အတွက် ဘုရားသခင်က ပေးတဲ့ လက်ဆောင်ဖြစ်ပြီး၊ သူ့ဇနီးဟာ သူ့အတွက် ကံကောင်းစေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

photo credit pngtree

"Raymond Calvert" ရဲ့ အရင်သားသမီးတွေဟာ အသက် ၃၈ နှစ်မှ ၅၁ နှစ်အကြားရှိကြပြီး သူ့ဇနီးထက်များစွာ အသက်ကြီး သူများဖြစ်ကြပါတယ်။ ဇာတ်လမ်းကတော့ သူရဲ့ ပထမဇနီးဟာ လွန်ခဲ့တဲ့၂၈ နှစ်က ကွယ်လွန်ခဲ့ပြီး Calvert ဟာ Charlotte ရဲ့ မိခင်နှင့် သုံးနှစ်ကြာ အချိန်းအချက် ပြုရာမှ သမီးဖြစ်သူနဲ့ တွေ့ဆုံခဲ့တာပါ။ နောက်ပိုင်း Charlotte ကြီးပြင်းလာချိန်မှာတော့ ထိုအမျိုးသားနှင့် ပြန်လည်ဆက်သွယ်ခဲ့ကာ လက်ထပ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။