ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာ့အစောဆုံး စာအုပ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "St. Cuthbert Gospel" စာအုပ်အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်း ပြည်ပ အားကစား သတင်း (E-sports အပါအဝင်)၊ ကမ္ဘာအနှံ့ရှိ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ထိုစာအုပ်ရဲ့ ရေးသားသူကို အတိအကျ မသိရှိသော်လည်း အင်္ဂလန်နိုင်ငံ "Monkwearmouth-Jarrow" ဘုန်းတော်ကြီးကျောင်းမှ ရဟန်းများ ရေးသားခဲ့တယ်လို့ ယူဆကြပါတယ်။ "The St. Cuthbert Gospel" စာအုပ်ဟာ ဥရောပတိုက်စာအုပ်လောကမှာ ယနေ့တိုင် ကျန်ရှိနေသော သက်တမ်းအရှည်ဆုံး စာအုပ်ဖြစ်ပါတယ်။ လက်တင်ဘာသာဖြင့် ရေးသားထားတဲ့ ထိုစာအုပ်ကို ခုနစ်ရာစုမှာ ပြုစုခဲ့ကြောင်း ခန့်မှန်းထားပြီး "the Gospel of St. John"ရဲ့ မိတ္တူပွားဖြစ်တယ်လို့ ဆိုပါတယ်။ စာအုပ်ကို ၆၈၇ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ "St. Cuthbert" အတွက် အမည်ပေးခဲ့ပြီး သူကွယ်လွန်ချိန်မှာ အခေါင်းတွင် ထိုစာအုပ်ကို ထားရှိခဲ့ပါတယ်။

photo credit pngtree

ထိုစာအုပ်ကို ၁၁၀၄ ခုနှစ်မှာ Durham ဘုရားကျောင်းမှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ထိုအချိန်က ဗိုက်ကင်းတို့ရဲ့ တိုက်ခိုက်မှုမှ လွတ်မြောက်စေရန် "St. Cuthbert"ရဲ့ အခေါင်းကို သူသီတင်းသုံးတဲ့ ကျောင်းမှ Durham သို့ ရွှေ့ပြောင်းခဲ့ပါတယ်။ စာအုပ်ကို တွေ့ရှိခဲ့ပြီးနောက် ထိုစာအုပ်ဟာ ပုဂ္ဂလိက ပိုင်ဖြစ်ခဲ့သော်လည်း ၁၇၆၉ ခုနှစ်မှာ ဘယ်လ်ဂျီယမ်နိုင်ငံ Jesuit အုပ်စုသို့ လှူဒါန်းခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ထိုစာအုပ်ကို လန်ဒန်မြို့ရှိ ဗြိတိသျှ ပြတိုက်သို့ ငှားရမ်းထားခဲ့ရာ ပြတိုက် ပိုင်ရှင်ဖြစ်တဲ့ Jesuit တို့ထံမှ အမေရိကန်ဒေါ်လာ ၁၄ သန်းဖြင့် ဝယ်ယူရန် စီစဉ်ခဲ့တာပါ။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။