တင်းတိပ်အတွက် အထူးကောင်းမွန်တဲ့ ဆန်မှုန် ့မျက်နှာဖုံး

တင်းတိပ်ကြောင့် စိတ်ညစ်နေပါက အမဲစက်၊ အမဲကွက် တွေကို သိသိသာသာသက်သာစေနိုင်တဲ့ ဆန်မှုန် ့မျက်နှာဖုံးလေးနဲ ့ကုသပေးနိုင်ပါတယ်။

ဒီနည်းလမ်းလေးက အာရှအသားအရေ အတွက်လည်း အထူးသင့်တော်ပါတယ်။

တင်းတိပ်၊ မှဲ ့ခြောက်၊ နေလောင်၊ အမဲစက်၊ အမာရွတ် အတွက် အကောင်းဆုံးနည်းဖြစ်တဲ့ ဆန်မှုန် ့မျက်နှာဖုံး ပြုလုပ်နည်းမှာ ပါဝင်တဲ့ပစ္စည်းတွေကတော့

ဆန်မှုန် ့ထမင်းစားဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် ထမင်းစားဇွန်း ၂ ဇွန်း၊ လိမ္မော်သီး ၂ စိတ် နဲ ့ပန်းသီး ၂ စိတ်တို ့ပဲဖြစ်ပါတယ်။

ပထမဦးစွာ ပန်းသီးနဲ ့လိမ္မော်သီး အစိတ်လေးတွေကို ရောပြီး blender ထဲမှာ ထည့်ခြေပေးပါ။

ပြီးတဲ့အခါမှာတော့ ဆန်မှုန် ့နဲ ့ဒိန်ချဉ်ကို ထည့်ပါ။

အဲ့ဒီနောက် ရရှိလာတဲ့ အရေပျစ်ပျစ်ကို မျက်နှာပေါ်ကို လိမ်းပေးရမှာဖြစ်ပါတယ် နာရီဝက်ခန် ့ထားပြီးနောက် ကြက်သီးနွေးရေလေးနဲ ့မျက်နှာကို

ဆေးကြောသန် ့စင်ပေးရပါမယ်။

ကြည်လင်တောက်ပတင်းရင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်စေဖို ့အတွက် ဒီနည်းလမ်းလေးကို ညအိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးနိုင်ပါတယ်။ 

သတင်းအရင်းမြစ် Dr. Aye Min Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။