မကာအို မဖြစ်‌မ‌နေအနိုင်‌ကစားသွားမယ်‌ဆိုတဲ့ရန်‌‌အောင်‌‌ကျော်‌


မနက်‌ဖြန်‌ ည‌နေ (၆)နာရီမှာ မြန်‌မာလက်‌‌ရွေးစင်‌ ‌ဘောလုံးအသင်‌းဟာ မကာအိုလက်‌‌ရွေးစင်‌သင်‌းနဲ့အာရှဖလား

‌ခြေစစ်‌ပွဲကိုယှဉ်‌ပြိုင်‌ကစား‌တော့မှာပါ။

အာရှဖလား‌ခြေစစ်‌ပွဲ‌အောင်‌ဖို့အတွက်‌ ဒီပွဲကိုမဖြစ်‌မ‌နေ အနိုင်‌ကစားသွားမယ်‌လို့ မြန်‌မာအသင်‌း‌ခေါင်‌‌ဆောင်‌ ရန်‌‌အောင်‌‌ကျော်‌ကပြောကြားသွားပါတယ်‌။

"ဒီပွဲကို ကျွန်တော်တို့ မဖြစ်မနေ အနိုင်ကစားပါမယ်။ အနိုင် (၃) မှတ်ရဖို့ မိနစ် (၉၀) လုံး ကြိုးစားကစားသွားပါမယ်။ ကျွန်တော်တို့ ကစားဖော်တွေအားလုံးလည်း မနက်ဖြန်ပွဲအတွက် အဆင့်သင့်ဖြစ်နေပါပြီ။ 

စင်ကာပူမှာ ကစားခဲ့တဲ့ပွဲတွေကနေ အားသာချက်၊ အားနည်းချက်ကို သုံးသပ်ပြီး အကောင်းဆုံး ကြိုးစားသွားပါမယ်‌"ဆိုပြီး ဒီ‌နေ့‌နေ့လည်‌ ကျင်‌းပတဲ့

ပွဲကြိုသတင်‌းစာရှင်‌းလင်‌းပွဲမှာမြန်‌မာအသင်‌းရဲ့ကပ္ပတိန်‌ကြီးကကြုံးဝါးခဲ့ပါတယ်‌။


နည်‌းပြကြီးဂတ်‌ဇီဆီကလည်‌း အသင်‌းသား‌တွေကို တစ်‌ပွဲလုံးအာရုံစူးစိုက်‌မှုအပြည်‌့နဲ့ကစားသွားဖို့ညွှန်‌ကြားထားပြီး နိုင်‌ပွဲရရှိဖို့‌အ‌ကောင်‌းဆုံးကြိုးစားသွားမယ်‌လို့ထပ်‌‌လောင်‌း

‌ပြောကြားသွားခဲ့ပါတယ်‌။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။