ပရိသတ်ရဲ ့ချစ်ခင်အားပေးမှုတွေရဲ ့ဖူးလျှောက်မယ့်အနုပညာခရီးလမ်းအတွက် အတိုင်းမသိခွန်အားတွေပါပဲဆိုတဲ့ ဘီလီလမင်းအေး

ပရိသတ်တွေ နှစ်သက်အားပေးကြတဲ့ ဘီလီဟာ အခုဆိုရင် ဘန်ကောက်ကို ရောက်ရှိနေပြီး သူမသီဆိုဖျော်ဖြေခဲ့သမျှ ပွဲတွေမှာ ကိုယ်တိုင်လာရောက်အားပေးခဲ့ကြတဲ့ မောင်နှမတွေနဲ ့အတူ online ကနေ FB ကနေ အားပေးကြတဲ့ မောင်နှမတွေအားလုံးကိုပါ ကျေးဇူးအရမ်းတင်ကြောင်းကို လူမှုကွန်ရက်စာမျက်နှာ ကနေ ပြောပြခဲ့ပါတယ်။

ဘီလီက သူမအနေနဲ ့ ပရိသတ်တွေကို ပြောပြချင်တာလေးတွေကိုပါ အခုလိုပဲ ရင်ဖွင့်သွားပါတယ်။

“ဖူးပြိုင်ပွဲ စဝင် ကတည်းက ပြည်တွင်း၊ ပြည်ပ၊ ရပ်ဝေး ရပ်နီး ကနေ ဖူးကို ချစ်ပေးကြ အားပေးကြ တာတွေနဲ့ online နဲ့ FB က နေ like/comment/message/post တွေ အမျိုးမျိုးနဲ့ ဖူးကို အားပေးခဲ့ကြတာ ဖူးဘက်က ရပ်တည်ပေးခဲ့ ကြတာ တွေက ဖူး အခု လျှောက်နေတဲ့ အနုပညာ

ခရီးလမ်းအတွက် အတိုင်းမသိတဲ့ ခွန်အားတွေပါပဲ ဆိုုတာပါ။

ဖူးစိတ်ဓါတ်ကျနေ ခဲ့တဲ့ အားငယ်နေ ခဲ့တဲ့ အချိန်မှာ ဖူးမိသားစုနဲ့ အတူ အသစ်ထပ်ရတဲ့ မိသားစု ဝင်တွေ ဖြစ်တဲ့ ညီအကိုမောင်နှမတွေ ရဲ ့ အားပေးမှုတွေ

ရပ်တည်ပေးခဲ့ မှုတွေ က ဖူးအတွက် အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်နို်င်ဖို့ အားအင်တွေ ဆိုတာ ငြင်းမရပါဘူး။

ဖူးကို ပို့ကြတဲ့စာတွေ comment တွေ အားလုံးကို ဖူးတတ်နိုင်သမျှ လိုက်ဖတ်ပြီး reply ပြန်နိုင်သလောက်ပြန်ဖို့ ကြိုးစားပေမယ့် ပြိုင်ပွဲကာလ မှာရော ပြိုင်ပွဲပြီး နောက်ပိုင်းမှာပါ ဖူး အလုပ်တွေ များနေတာ နဲ့ အားလပ်ချိန် သိပ်မရတာမို့ ဖူး မမြင်လိုက်မိတာ တစ်ယောက်ချင်းစီ reply မပြန်နိုင်တာ comment မပေးနိုင်တာ တွေ ကိုလဲ နားလည်ပေးကြပါနော်။ ဖူး က လူအများကြီးနဲ့ စကား သိပ် မပြောဖူးခဲ့တာမို့ တစ်ခါတစ်လေ လဲ ဘာပြန်ပြောလို့ ပြောရမှန်း မသိတဲ့ အခါတွေရှိတယ်လေ။

အခုလို ဖူးက reply သိပ်မပြန် ဖြစ်ပေမယ့် နားလည်ပေးပြီး ဖူးကို ခုထိ ချစ်ပေး အားပေး ကြ တဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးရဲ့ မေတ္တာ ကို ဖူး တွေးကြည့် မိတိုင်း အံ့သြ လေးစားပြီး အားလုံးကို ပိုချစ်မိပါတယ်။

တစ်ယောက်ချင်းစီ တိုင်းကို ဖူး reply မပြန်နိုင်ပေမဲ့ တစ်ယောက်ချင်းစီတိုင်း ရဲ့ ဖူးအပေါ် ထားတဲ့ မေတ္တာ ကို ဖူး ခံစားလို့ ရပါတယ် ရှင့်။” လို ့ဘီလီက

ပရိသတ်ရဲ ့ချစ်ခင်အားပေးမှုက သူမအတွက် ဘယ်လောက်ထိအားဖြစ်စေကြောင်းကို ပြောပြခဲ့တာပါ။

ဆက်လက်ပြီး ဘီလီဟာ ဒီနှစ်ထဲမှာ အခွေထွက်နိုင်အောင် ကြိုးစားနေပြီး ဆက်လုပ်ရမယ့် အနုပညာအလုပ်တွေအတွက် အချိန်ပေးနေရသလို ပရိသတ်ကြီးကိုလည်း ရှေ ့ဆက်ပြီး အချိန်ပိုပေးဖို ့ကြိုးစားသွားမှာဖြစ်ကြောင်းနဲ ့အကြောင်းအမျိုးမျိုးကြောင့် သူမဘက်က မရည်ရွယ်ဘဲ လစ်ဟင်းခဲ့တာတွေ ရှိခဲ့မိပါက

နားလည်ခွင့်လွှတ်ပြီး ဆက်ချစ်ပေးကြဖို ့ကိုလည်း ပြောပြသွားခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Billy La Min Aye fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။