ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်ရှိ အန္တရာယ်အများဆုံး ကမ်းခြေတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Hanakapiai" ကမ်းခြေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုကမ်းခြေကတော့ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီကျွန်း မှာတည်ရှိတာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ထိုကမ်းခြေဟာ လူအသေအပျောက်များသော နေရာတစ်ခုဖြစ်တာကြောင့် ကမ်းခြေသို့သွားတဲ့ လမ်းညွှန်ဆိုင်းဘုတ်မှာ သေဆုံးတဲ့ လူအရေအတွက်ကို အမှတ်အသားများ ခြစ်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒ့ါအပြင် နောက်ထပ်သေဆုံးကြဦးမယ့် လူအရေအတွက်ကို ဖော်ပြရန် နေရာလွတ်များတောင် ချန် ထားသေးတာ ဖြစ်ပါတယ်။ ထိုကမ်းခြေရဲ့ အဓိကပြဿနာဟာ ပင်လယ် ဟင်းလင်းပြင်မှ ကမ်းခြေသို့ စီးဝင်လာတဲ့ ရေစီးကြောင်းများကို ဟန့် တားမယ့် ကျောက်တန်းများမရှိတာဘဲ ဖြစ်ပါတယ်။

photo credit pngtree

ဒါကြောင့် ထိုရေစီးတွေဟာ ရေကူးသူများအား ပင်လယ်အတွင်းသို့ဆွဲယူသွားရင် ပြန်လမ်း မရှိနိုင်တော့ပါဘူး။ ပင်လယ်ကမ်းခြေဟာအကူအညီတောင်းခံရန် အလှမ်းဝေးသော နေရာဖြစ်တာကြောင့် အန္တရာယ်နှင့် ကြုံတွေ့ရချိန်မှာ အပြည့်အ၀ လေ့ကျင့်ထားသော အသက်ကယ်သမား တစ်ဦးဦး ရောက်ရှိလာဖို့က ခက်ခဲလှပါတယ်။ ကျွန်းမှ လမ်းပြတစ်ဦးက သေဆုံးသူအများစုဟာ ဒီလှိုင်းလုံးတွေရဲ့ အခြေအနေကို နားမလည်ဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ဘဝကို ရောက်ရှိသွားကြတာလို့ ဆိုပါတယ်။ ပရိသတ်ကြီးလည်း ဟာဝိုင်အီကျွန်းကို သွားလည်ပတ်တော့မယ်ဆိုရင် ထိုနေရာကို အထူးဂရုစိုက်ဖို့ အရေးကြီးပါတယ်နော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။