ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာမှာ ထင်ရှားသော ငါးပြတိုက်တွေထဲကမှ တစ်ခုဖြစ်တဲ့ "Georgia Aquarium, Atlanta, Georgia"ပြတိုက်ကြီး အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ တောရိုင်းတိရိစ္ဆာန်များကို နှစ်ခြိုက်သဘောကျသူတိုင်းဟာ လှောင်ချိုင့်အတွင်း လှောင်ထားတဲ့ တိရိစ္ဆာန်တွေကို ကြည့်ရခြင်းက တစ်နည်းအားဖြင့် ထိုသတ္တဝါတို့ကို သဘာဝအတိုင်း ကြည့်ရှုရခြင်း တစ်မျိုးဖြစ်ကြောင်း သဘောတူညီကြမှာ ဖြစ်ပါတယ်။

photo credit pngtree

လူအများစုအတွက် ကမ္ဘာပေါ်ရှိ တိရိစ္ဆာန်အများစုကို ကြည့်ရှုရန် ရွေးချယ်ရမယ့် နေရာဟာ တိရိစ္ဆာန်ရုံများ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဟင်းလင်းပြင် ပင်လယ်သမုဒ္ဒရာမှ ရေသတ္တဝါတွေကို ကြည့်ရှုဖို့ မလွယ်ကူတာကြောင့် ထိုသတ္တဝါတွေကို မြင်ရဖို့က ငါးပြတိုက် တစ်ခုခုကိုသာ ရွေးချယ်ခွင့်ရှိကြမှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ မြောက်ဘက်ခြမ်း နိုင်ငံများမှာရှိတဲ့ ငါးပြတိုက်များအနက် အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တာတွင် ရှိသော Georgia Aquarium ဟာ အကြီးဆုံးဖြစ်ကာ စင်္ကာပူနိုင်ငံမှ Marine Life Park ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယ အကြီး ဆုံးဖြစ်ပါတယ်။

photo credit pngtree

ထိုငါးပြတိုက်မှာ ငါးမျိုးစိတ် ၅၀၀၊ အကောင်ရေ တစ်သိန်းကျော်ပြသထားတဲ့ အထဲမှာ ငါးမန်းဖြူများ၊ beluga ဝေလငါးများ၊ ပုလင်းနှုတ်သီးပုံ လင်းပိုင်များ နှင့် ငါးစွန်(manta rays) များ ပါဝင်ပါတယ်။ ပြတိုက်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး၂၀၁၂ ခုနှစ်အထိ ကမ္ဘာ့အကြီးဆုံးငါးပြတိုက်အဖြစ် ရပ်တည်ခဲ့တာပါ။ ပြတိုက်အတွင်းသို့ ရေဂါလံ ၁၀ သန်း (၃၈၀၀၀ ကုဗမီတာ) ထည့်သွင်းထားတာ ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှာ Georgia Aquarium သို့ လာရောက်ကြည့်ရှုသူ ၂ ဒသမ ၄ သန်း ရှိခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။