အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထွက်ရှိတော့မယ့် ဝိုင်းစုခိုင်းသိန်းရဲ့ "ဂါ"

ဂီတလောကရဲ့အမျိုးသမီးကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းဟာ ဆိုရင်ဖြင့် 'မက်လောက်စရာ' 'အာဘွား' 'မျက်လှည့်' စတဲ့ တေးအယ်လ်ဘမ်များထွက်ရှိထားပြီး ပရိသတ်အားပေးထောက်ခံမှုကို တခဲနက်ရရှိထားသူဖြစ်ပါတယ်။ ယခုဆိုရင်ဖြင့် တေးသံရှင် ဝိုင်းစုခိုင်သိန်းဟာ သူမရဲ့ ငါးခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ 'ဂါ' ကိုပြင်ဆင်နေပါပြီ။ ထိုတေးအယ်ဘမ်ထဲမှာ အများစုကြိုက်နှစ်သက်လက်ခံထားတဲ့ သီချင်းအေးအေးလေးတွေအပြင် သီချင်းပုံစံသစ်တွေလည်း ပါဝင်လာမယ်လို့ သူမကပြောခဲ့ပါတယ်။

ဒီအယ်လ်ဘမ်ထဲက သီချင်းတွေကို နာမည်ကြီးရေးဆရာများဖြစ်ကြတဲ့ ရွှေဂျော်ဂျော် ဖိုးကာ ဆောင်းဦးလှိုင် ညီမင်းခိုင် ဝေလ တို့က ရေးသားပေးထားပြီး "ဂါ" သီချင်းကို Snare အဖွဲ့မှရေးသားပေးထားပါတယ်။

မနေ့က အောက်တိုဘာ ၁၄ ရက်နေ့မှာ ဝိုင်းစုခိုင်သိန်းရဲ့ "ဂါ" Audio CD ထွက် ်ရှိရန်အတွက် စာနယ်ဇင်းမိတ်ဆက်ပွဲကို Sky Star ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ "ဂါ" Audio CD Promotion ပွဲကို အောက်တိုဘာလ (၂၂) ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ ဝိုင်းစုခိုင်သိန်းနဲ့အတူ အနုပညာရှင်များက အမှတ်တရလက်မှတ်ရေးထိုးပြီး သီချင်းများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရပါသည်။

Source: Wyne Su Khine Thein's wall

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။