ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ရှေးဟောင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုဖြစ်တဲ့ "Hagia Sophia" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ ခန့်ညားထည်ဝါမှုအရှိဆုံး အဆောက်အအုံအချို့ကိုပြောပါဆိုရင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေကို ထည့်မတွက်လို့ မရပါဘူးနော်။ မြို့ပြတည်ဆောက်မှုနှင့် ယဉ်ကျေးမှုများ အစပြုခဲ့တဲ့ သမိုင်း ခေတ်ဦးပိုင်းမှစပြီး လူသားတွေဟာ ထိုအဆောက်အအုံတို့တွင် စုစည်းခဲ့ကြကာ ဝတ်ပြုဆုတောင်းမှုများကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ တည်ရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း Hagia Sophia ကို ခရစ်နှစ် ၅၃၂ ခုနှစ်မှ ၅၃၇ ခုနှစ်အကြားမှာတည်ဆောက်ခဲ့ပါတယ်။ ယခုအချိန်မှာ ပြတိုက်တစ်ခုအဖြစ် ဖွင့်လှစ်ထားပြီး ဘိုင်ဇင်တိုင်း ဧကရာဇ် "Justinian I"က တည်ဆောက်ခဲ့တာပါ။ နောက်ပြီး လွန်ခဲ့သော နှစ် ၁၀၀၀ ကျော်ကတည်းက ကမ္ဘာပေါ်မှာ အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်ပေါင်းများစွာအတွင်းမှာ များစွာသော ပြောင်းလဲမှုများကို ပြုလုပ်ခဲ့တာပါ။

photo credit pngtree

ပထမက ခရစ်ယာန်ဘုရားကျောင်းဖြစ်ခဲ့တဲ့ Hagia Sophiaဟာ နောက်ပိုင်းမှာ ဂရိ အော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်း၊ ရိုမန် ကက်သလစ် ဘုရားကျောင်းနှင့် ဘုရင့်တော်ဝင်ပလီ ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ Hagia Sophia ဟာ ဘုရားကျောင်းတစ်ခုမဟုတ်တော့ဘဲ ပြတိုက်တစ်ခုအဖြစ်တည်ရှိနေတာပါ။ အစ္စတန်ဘူလ်သို့ လာရောက်လည်ပတ်ကြသူများဟာ ထိုပြတိုက်သို့ သွားရောက် လည်ပတ်နိုင်ကြပြီး "Hagia Sophia"သို့ နေ့စဉ် ပျမ်းမျှ လူ ၁၀၀၀၀ လာရောက်လေ့ရှိပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။