မေမေ ချစ်သုဝေကတော့ အမြွှာလေးတွေကို လွမ်းနေတယ်တဲ့ ပရိသတ်ကြီးရေ။ အလုပ်ကိစ္စအတွက် ခင်ပွန်းသည် လင်းလင်းနဲ့အတူ မန္တလေးမြို့ကိုရောက်ရှိနေတဲ့ မေမေချစ်သုဝေကတော့ အမြွှာလေးတွေကို လွမ်းနေတယ်ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာမှာ ယခုလိုပဲရေးတင်ထားတာ တွေ့ရပါတယ်။

"ဆိုတယ်..စားတယ်..လွမ်းတယ်...နက်ဖြန်ပြန်မယ်...

"အချစ်ဆုံးတွေအားလုံးအနားမှာပဲထားချင်တယ်...အလုပ်တွေလည်းလုပ်ရမှာပဲလေနော်.."

mommy ရယ် မမကြီးရယ် အာမိုရယ် ကျေးဇူးပါ...သမီးလေးတွေကို နောက်ဆံမတင်းရလေအောင် စောင့်ရှောက်ပေးလို့...

ဖေပူး ကိုလည်းကျေးဇူးပါ...သမီးတွေဇောကပ်နေတဲ့မိန်းမကို အလုပ်ခရီးလေးခဏမှာ ဂရုစိုက် ပြီး ပျော်ရွှင်စေလို့...

အရာရာတိုင်းအတွက် Praise the Lord!!!!!" ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ကလေးအမေလို့ မထင်ရလောက်အောင် ဂါဝန်အနီလေးနဲ့လှနေတဲ့ မေမေချစ်သုဝေတစ်ယောက် ပျော်နေတာတွေ့လို့ ဝမ်းသာပါတယ်တဲ့လေ။ ဖေဖေလင်းလင်းကလည်း ဇနီးချောလေးနဲ့အတူ မန္တလေးကျုံးဘေးမှာ ရိုက်ထားတဲ့ ပုံလေးတွေတင်ရင်း "လင်မယားနှစ်ယောက် ဒီလိုပုံရိုက်ဖို့

သင်္ကြန်ကတည်းက ချောင်းနေတာ

ဒီတစ်ခေါက် မန်းလေး ခဏခရီးကတော့

သောက်ရမ်းတန် ,,,,," ဆိုပြီး သူ့ရဲ့ အကောင့်မှာ တင်ထားတာတွေ့ရပါတယ် ပရိသတ်ကြီးရေ........

Source: Htwe Lynn Ko & Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။