ပရိသတ်အချစ်တော် မင်းသမီးကြီး စိုးမြတ်သူဇာကတော့ ယနေ့အချိန်အထိတိုင်အောင် ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးနေရဆဲ ဖြစ်ပါတယ် ။ ခင်မင်ရင်းနှီးသူတွေက မကြီးစိုးလို့ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ စိုးမြတ်သူဇာကတော့ ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ အခိုင်အမာရပ်တည်နေဆဲ ဖြစ်ပါတယ် ။ ဒါ့အပြင် စိုးမြတ်သူဇာက စိတ်ပျိုကိုယ်နုတာကြောင့် လူငယ်တွေနဲ့အပြိုင် အရွယ်တင်လှပနေတာ ဖြစ်ပါတယ် ။

Photo Credit-Soe Kyi Phyu's FB Acc
Photo Credit-Khin Lin Htin-Treasure's FB Page
Photo Credit-Khin Lin Htin-Treasure's FB Page

ဒီနေ့မှာတော့ စိုးမြတ်သူဇာက သူချစ်ရတဲ့တူမလေး Treasure နဲ့အတူ ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ် ။ စိုးမြတ်သူဇာက စန္ဒီမြင့်လွင်ရဲ့တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ သူမရဲ့တူမလေး Treasure ကိုထိန်းပေးရင်း ပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပါတယ် ။ တူမလေးကိုအရမ်းချစ်တဲ့ မကြီးစိုးက Treasure လေးပျော်သွားအောင်ပုံစံမျိုးစုံလုပ်ပြပြီး ချော့မြူကျီစယ်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khin Lin Htin-Treasure's FB Page
Photo Credit-Khin Lin Htin-Treasure's FB Page
Photo Credit-Khin Lin Htin-Treasure's FB Page

ဒါ့အပြင် မကြီးစိုးက Treasure လေးကိုလက်ကမချနိုင်အောင် ချစ်မဝဖြစ်နေတာလည်း ဖြစ်ပါတယ် ။ ပျော်ပျော်ရွှင်ရွှင်နဲ့ အရမ်းကိုချစ်စရာကောင်းနေတဲ့ မကြီးစိုးတို့တူအရီးရဲ့ပုံလေးတွေကို စန္ဒီမြင့်လွင်က "မယ်မယ်နဲ့မီးမီး မယ်မယ့်ဆီကအမွေတောင်းမယ်"ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောစိုးမြတ်သူဇာနဲ့ တူမလေး Treasure တို့ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Khin Lin Htin-Treasure's FB Page

Photo Credit-Khin Lin Htin-Treasure's FB Page
Photo Credit-Khin Lin Htin-Treasure's FB Page
Photo Credit-Khin Lin Htin-Treasure's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။