ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဧဝရက်တောင်နဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဧဝရက်တောင်ကို လူသေများ အမှိုက်သဖွယ် ဖြစ်နေတဲ့ နေရာလို့ဆိုကြပါတယ်။ ဧဝရက်တောင်ရဲ့ မြောက်ဘက်ပိုင်းရှိ Rainbow Ridge လို့ တရားမဝင်အမည်ပေးထားတဲ့ နေရာဟာ အမှန်တစ်ကယ်ကို လူသေကောင်များရှိနေတာ ဖြစ်ပါတယ်။ ထိုနေရာမှာ တောင်တက်စဉ် သေဆုံးခဲ့တဲ့ တောင်တက်သမားတွေနှင့် တောင်တက်လမ်းညွှန်များရဲ့ အလောင်းတွေကို ရောင်စုံ အဝတ်အစားများ၊ ကိရိယာ တန်ဆာပလာတွေနှင့်အတူ တွေ့ရှိကြရတာ ဖြစ်ပါတယ်။

photo credit pngtree

ဧဝရက်တောင်မှာ ရှိနေတဲ့ လူသေများရဲ့ အရေအတွက်ကို မသိရှိရသော်လည်း ၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာပဲ ဧဝရက်တောင်မှာ သေဆုံးသူ ဦးရေ ၂၀၀ ကျော်ရှိခဲ့ပါတယ်။ ထိုအလောင်းများအနက် ထင်ရှားသူတစ်ဦးမှာ Tsewang Paljor ဖြစ်ပြီး ၁၉၉၆ ခုနှစ်က နှင်းမုန်တိုင်းကြောင့် သေဆုံးခဲ့တာပါ။ သူရဲ့ ရုပ်အလောင်းကိုတော့ ဧဝရက်တောင်မှာ ယနေ့ထိတိုင် အမှတ်တရအနေနဲ့ ထားရှိထားတာပါ။ အစိမ်းရောင် ဘွတ်ဖိနပ်ကို စီးလေ့ရှိခဲ့တဲ့ Tsewang Paljor ကို Green Boots လို့ခေါ်ဆိုခဲ့ကြကာ သူသေဆုံးခဲ့သော နေရာ ကို Green Boots Cave လို့အမည် ပေးခဲ့ပါတယ်။ ထိုနေရာဟာ တောင်တက်သမားများ တောင်မှပြန်ဆင်းချိန်မှာ ခရီး တစ် ထောက်နားတဲ့ နေရာ ဖြစ်ပါတယ်။ 

photo credit pngtree

ဧဝရက်တောင်မှာ သေဆုံးခဲ့သူများရဲ့ အလောင်းတွေကို ပြန်လည်ရယူရန် အန္တရာယ်များတာနှင့် ကုန်ကျစရိတ်များတာတို့ကြောင့် စွန့်ပစ်ခဲ့ကြလေ့ရှိပါတယ်။ အလောင်းတစ်ခုကို သယ်ယူရန် တောင်တက်လမ်းညွှန် ခြောက်ယောက်မှ ရှစ်ယောက် လိုအပ်တာအပြင် အလောင်းများဟာ အေးခဲနေမှုကြောင့် အသက်ရှင်သန်စဉ်ကထက် အလေးချိန် နှစ်ဆ လေးလံ နေလေ့ရှိတာပါ။ ထိုအလောင်းများကို တူးဖော်ပြီး ရေခဲများနှင့် အတူ သယ်ယူရသဖြင့် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ထောင်နှင့် ချီပြီး ကုန်ကျတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။