ထိုင်းတော်ဝင်မိသားစုကို အသရေဖျက်ရေးသားထားတဲ့ ပိုစ့်တစ်ခုကို ဖေ့ဘွတ်ပေါ်တင်ခဲ့တဲ့အတွက် ထိုင်းအမျိုးသားတစ်ဦးကို ထောင်ဒဏ်နှစ်(၃၀)ကျော် ချမှတ်လိုက်ကြောင်း Arab News မှာဖော်ပြထားပါတယ်။ 

ထောင်အနှစ် (၃၀) အချခံရတဲ့ ထိုင်းနိုင်ငံသားကတော့ အသက်(၃၄)နှစ်အရွယ် ဝီချိုင်းဆိုသူ အမျိုးသားဖြစ်ပြီး သူငယ်ချင်းဖြစ်သူရဲ့ ဖေ့ဘွတ်အကောင့်ကို အသုံးပြုပြီး ထိုင်းတော်ဝင် မိသားစုကိုစော်ကားတဲ့ ဓာတ်ပုံ(၁၀)ပုံ၊ဗီဒီယိုတွေနဲ့ မှတ်ချက်စကားတွေကို ရေးသားခဲ့ကြောင်း ပြစ်မှု ထင်ရှားတယ်လို့ စစ်ဘက်ဆိုင်ရာ တရားရုံးက ထုတ်ပြန်ကာအခုလို စီရင်ချက်ချခဲ့တာပါ။

ဝီချိုင်းရဲ့ ကနဦးထောင်ဒဏ် ဟာနှစ် (၇၀)ဖြစ်ပေမယ့် အပြစ်ကို ဝန်ခံခဲ့တာကြောင့် ထောင်ဒဏ်ကိုနှစ်(၃၀)ကျော်အထိ ထက်ဝက်လျော့ချပေး လိုက်တာဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် Arab News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။