ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တန်ဖိုးအကြီးမားဆုံး အဆောက်အအုံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Hearst Castle" ရဲတိုက်ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း(E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

အမေရိကန် ဒေါ်လာ ၁၉၁ သန်း တန်ဖိုးရှိတဲ့ ထို ရဲတိုက်ကြီးဟာ တစ်ကယ်ကို ကြီးကျယ်ခမ်းနားလှပတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ San Simeon မှာတည်ရှိတဲ့ ထိုအဆောက်အဦးကြီးဟာ ရဲတိုက်တစ်လုံး ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ သတင်းစာလုပ်ငန်းရှင် Willliam Randolph Hearst က ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကယ်လီဖိုးနီး ယားပြည်နယ်၊ Park System နှင့် Hearst ကော်ပိုရေးရှင်းတို့က ထိန်းသိမ်းထားတာပါ။

Hearst Castle သို့ ဝင်ရောက်ကြည့်ရှုသူများအား တစ်ဦးကို ဝင်ကြေး အမေရိကန် တစ်ဒေါ်လာကောက်ခံတာပါ။ ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကား The Godfather ကို Hearst Castle တွင်ရိုက်ကူးခဲ့တာပါ။ ယခင်က Hearst Castle ကို ညှို့ယူဖမ်းစားသော တောင်ကုန်းလို့ လူသိများခဲ့ပြီး စတုရန်းပေ ၉၀ ၀၀၀ ကျယ်ဝန်းတာပါ။ ပင်မ အဆောက်အအုံရဲ့ ပန္နက်ဟာ သက်တမ်းရာကျော်နေပြီဖြစ်တဲ့ မျက်နှာကြက်များဖြင့် အလွန်လှပကာ အိပ်ခန်း ၅၆ ခန်း၊ ရေချိုးခန်း ၆၁ ခန်း၊ ဧည့်ခန်း ၁၉ ခန်းဖြင့် ဖွဲ့စည်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။