တရုတ်နို်င်ငံ ဟန်ကျိုးမြို့က အမျိုးသမီးတစ်ဦးဟာ နိုင်ငံပေါင်း(၂၅၀)ကို ရက်ပေါင်း(၂၉၀)ကြာ ကားနဲ့ ခရီးထွက်ခဲ့ကြောင်း Sputnik International မှာဖော်ပြထားပါတယ်။

ကျောင်ဂျူရန်ဆိုသူ အမျိုးသမီးဟာ ကီလိုမီတာပေါင်း(၄)သောင်းနီးပါးရှိတဲ့ ခရီးစဉ်ကို ကားမောင်းပြီး ခရီးနှင်ခဲ့တာဖြစ်သလို ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ချိန်တုန်းက ကျွမ်းကျင်တဲ့ တောင်တက်သမားအချို့ကလှောင်ပြောင်ခဲ့ခြင်းခံရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။အဆိုပါကမ္ဘာလှည့် ခရိးစဉ်အတွက်(၃)နှစ်ကြာ ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးနောက် ၂၀၁၆ ဇွန်လက ခရီးစတင်ထွက်ခွာခဲ့ပြီး သူ့ရဲ့ခရီးစဉ်အတွင်း နိုင်ငံကူးလက်မှတ်၊ ကင်မရာနဲ့ မင်္ဂလာဝတ်စုံပါ ထည့်သွင်းယူဆောင်သွားခဲ့ပါတယ်။ အထင်ကရနေရာတွေမှာ မင်္ဂလာဝတ်စုံနဲ့ ဓာတ်ပုံရိုက်ကူးနိုင်ဖို့ ထည့်သွင်း ယူဆောင်သွားတာလို့ ပြောပါတယ်။ 

ကျောင်ရဲ့ စွန့်စားခရီးစဉ်အတွင်းမှာ ဂါဘွန်မိုးသစ်တောအတွင်း သူ့ရဲ့ကားဟာ မြောင်းထဲကျနေတဲ့အချိန် ဓားကိုင်ဆောင်ထားတဲ့ လူတစ်ဦးနဲ့လည်း ရင်ဆိုင်ခဲ့ရပေမဲ့ ကံကောင်းစွာနဲ့ ဘေးကင်းစွာ လွတ်မြောက်ခဲ့ကြောင်းကျောင်ကပြန်လည်ပြောပြခဲ့ပါတယ်။

Aung 

သတင်းအရင်းမြစ် Sputnik International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။