အီတလီစီးရီအေချန်ပီယံ ဂျူဗင်တပ်အသင်းအနေနဲ့ အသင်းရဲ့ဘယ်နောက်ခံတောင်ပံလူ ဆန်းဒရိုကို အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးအသင်းက ပေါင်၅၂သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်းသိရှိရသည်။  

ဂျူဗင်တပ်အသင်းအနေနဲ့ အသင်းရဲ့ဘယ်နောက်ခံတောင်ပံလူ ဆန်းဒရိုအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အီတလီကလပ် ဂှူဗင်တပ်အတွက် ပွဲပေါင်း ၄၃ပွဲကစားပေးခဲ့ပြီး ထိတန်းခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်။

ဆန်းဒရိုအနေနဲ့ ဂျူဗင်တပ်အသင်းကို ၂၀၁၅ခုနှစ်က ပေါ်တူဂီကလပ် ပေါ်တိုအသင်းကနေ ပြောင်းရွှေ့ကြေးပေါင်၂၂သန်းဖြင့်ရောက်ရှိလာသူဖြစ်ကာ ယခုအခါအသက်၂၆နှစ်ရှိပြီးဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ ၂၀၂ဝထိစာချုပ်သက်တမ်းကျန်သေးသော ကစားသမားတစ်ဦးဖြစ်သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။