ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးအသင်း၏ ကြယ်ပွင့်ကစားသမား အယ်ဂျီးရီးယားကစားသမား မာရက်ဇ်ကို ကြိုက်နှစ်သက်ပြီးခေါ်ယူချင်တယ်လို့ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့ဖူးပါတယ်။

လက်စတာစီးတီးအသင်း၏ ကြယ်ပွင့်ကစားသမားမာရက်ဇ်အနေနဲ့ အာစင်ဝင်းဂါးရဲ့စကားကို ဂုဏ်ယူမိပေမယ့် ယခုအချိန်ထိတော့ အာဆင်နယ်အသင်းဆီက မည်သည့်ကမ်းလှမ်းမှုမျှမရသေးကြောင်း ပြောကြားခဲ့ပါတယ်။ 

၂၀၁၅-၁၆ ဘောလုံးရာသီက လက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးကာ အကောင်းဆုံးလိဂ်ကစားသမားဆုရခဲ့တဲ့ မာရက်ဇ်အနေနဲ့ ယခုရာသီမှာ လက်စတာကနေထွက်ခွာမယ်လို့ဆိုထားပြီး ဘာစီလိုနာကိုပြောင်းရွှေ့ချင်တယ်လို့ ပြောထားပါတယ်။

Hein

သတင်းအရင်းမြစ် Mirror Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။