ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဗီယက်နမ်နိုင်ငံက လည်ပတ်ချင်စရာကောင်းသော နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Sapa" စာပါ တောင်တန်းဒေသ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပန်းချီကားတစ်ချပ်နှင့် တူနေတဲ့ တောင်တန်းများ၊ စပါးစိုက်ခင်း အဆင့်ဆင့်များ၊ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း ဝေးလံတဲ့ ဒေသမှ မတူကွဲပြားသော တောင်တန်းဒေသနေ မျိုးနွယ်စုများဝန်းရံနေသော စာပါဟာ အေးချမ်းဆိပ်ငြိမ်သော မြို့ တစ်မြို့ဖြစ်ပါတယ်။ စာပါဟာ ဟောင်လီယန်ဆွန် တောင်တက်ခရီး၊ စပါးခင်းများနှင့် ရိုးရာကျေးလက်များသို့ သွားတဲ့ အခြေစိုက် နေရာ တစ်ခုလည်းဖြစ်ပါတယ်။

photo credit pngtree

စာပါမှတစ်ဆင့် တောင်တက်ခရီးများ၊ အနီးဝန်းကျင်ရှိ စပါးစိုက်ခင်းများ၊ ဝေးလံခေါင်ဖျားသော ကျေးရွာများသို့ သွားရောက်မယ့် ခရီးသည်များကိုလည်း ကူညီမယ့် ခရီးသွားလုပ်ငန်းများလည်း ရှိနေပါတယ်။ ထိုခရီးစဉ်များဟာ ခရီးသွားများကို လှပသော ရေတံခွန် ရှုခင်းများကို မြင်တွေ့စေမှာ ဖြစ်သကဲ့သို့ ဒေသနေ ပြည်သူများရဲ့ အစားအသောက်များ၊ ထုံးတမ်းစဉ်လာများ၊ လူနေမှု ဘဝများကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကိုကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။