ဆိုကာနို-ဟက်တာအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ စင်ကာပူနိုင်ငံကို ကျောက်ပုဇွန်ဥ (၂)သိန်းကျော် တရားမဝင် တင်ပို့ဖို့ ကြိုးစားနေမှုကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဟန့်တားလိုက်နိုင်ကြောင်း Channel NewsAsia မှာဖော်ပြထားပါတယ်။ 

အဆိုပါ ကျောက်ပုဇွန်ဥ (၂)သိန်းကျော် ကို သယ်ဆောင်လာတယ်လို့ သံသယရှိသူတွေဟာ ဂါရူဒါအင်ဒိုနီးရှားလေကြောင်းလိုင်းကနေ ကျောက်ပုဇွန်ဥတွေကို လက်ဆွဲအိတ်(၈)လုံးနဲ့ သယ်ဆောင်ပြီး စင်ကာပူနိုင်ငံထဲကို တရားမဝင် တင်ပို့ဖို့ကြိုးစားခဲ့တယ်လို့ သက်ဆိုင်ရာကသတင်းထုတ်ပြန်ပါတယ်။

ကျောက်ပုဇွန်ဥ (၂)သိန်းကျော် ကိုတရားမဝင် တင်ပို့မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ (၂)သန်းကျော် ဆုံးရှုံးနိုင်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Aung 

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။