ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ တောင်အာဖရိကမှာ တည်ရှိတဲ့ ကြောက်မက်ဖွယ်ကောင်းသော "Gansbaai" ပင်လယ်သမုဒ္ဒရာ အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မိုင်များစွာ ရှည်လျားတဲ့ သဲဖြူများ၊ အံ့သြဖွယ် ချောက်ကမ်းပါးရှိတဲ့ လှပသော ကမ်းခြေတစ်ခုဖြစ်သော Gansbaai ဟာ တောင်အာဖရိကနိုင်ငံမှာ တည်ရှိတာပါ။

photo credit pngtree

ထိုနေရာမှာ အပန်းဖြေ အနားယူရလျှင် လေပြည်လေညင်းများဖြင့် သာယာကြည်နူးဖွယ် ဖြစ်မယ်လို့ တွေးမိကြမှာဖြစ်သော်လည်း ထိုနေရာဟာ ကမ္ဘာ့ ငါးမန်းဖြူများရဲ့ မြို့တော်လို့ နာမည်ကြီးတာ ဖြစ်ပါတယ်။ ထိုနာမည်ဆိုးတဲ့ ထင်ရှားတာကြောင့် သွားရောက်လည်ပတ်လိုသူ နည်းပါးတာ ဖြစ်ပါတယ်။

photo credit pngtree

ငါးမန်းကို လူများက ကြောက်ရွံ့ကြသော်လည်း ငါးမန်းမြို့တော်ကမ်းခြေ သို့ သွားရောက်လည်ပတ်ရန် ခရီးသွားလက်မှတ်များရောင်းချနေခြင်းဟာ ပိုးဟပ်ကမ္ဘာရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ရောင်းချတာနှင့် တူညီနေတာပါ။ Gansbaai မှာ ငါးမန်းတစ်ကောင်က လှေတစ်စင်းနောက်သို့ တရွှေ့ရွှေ့ချဉ်းကပ်နေတဲ့ ပုံဟာ ကြောက်ရွံ့ဖွယ်ဖြစ်ပါတယ်။ ထိုဓာတ်ပုံကို အတုလို့ ဆိုကြခြင်းကို ဓာတ်ပုံရိုက်ကူးခဲ့သူက ငြင်းဆိုခဲ့ပြီး ငါးမန်းများဟာ လှေများကို မတိုက်ခိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။