မျော်မှန်းထားသလောက် ရွေးကောက်ပွဲမှာ မအောင်မြင်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရိဆာမေက အီးယူကနေ နှုတ်ထွက်ရေး ဆွေးနွေးမှုတွေကို အပြည့်အဝဦးဆောင်သွားမယ်လို့ ပြောကြားခဲ့ကြောင်းChannel NewsAsia မှာဖော်ပြထားပါတယ်။

လက်ရှိအခြေအနေအရ ပြီးခဲ့တဲ့ရက်သတ္တပတ်ကကျင်းပခဲ့တဲ့ ဗြိတန်ရွေးကောက်ပွဲမှာ ထရိဆာမေ ရဲ့ကွန်ဆာဗေးတစ်ပါတီက အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်အရေအတွက်ကိုမရရှိခဲ့ပါဘူး။

လက်တလောမှာတော့ ထရိဆာမေကို ဗြိန်တိန် ဝန်ကြီးနေရာကနေ နှုတ်ထွက်ဖို့ တောင်းဆိုထားကြပေမယ့် သက်တမ်းကုန်ဆုံးတဲ့အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဆိုပါတယ်။

Aung 

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။