ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ တစ်ဦးတည်း၊ တစ်ကောင်တည်း၊ တစ်ပင်တည်း အထီးကျန်စွာ တည်ရှိနေသော ကမ္ဘာပေါ်က အထီးအကျန်ဆုံး အရာတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုအရာတွေထဲကမှ "The Tenere Tree"လို့ အမည်ရတဲ့ သစ်ပင်အကြောင်းကို ရွေးချယ် ဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်း၊ ကမ္ဘာတစ်ဝှမ်းက ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ဆာဟာရ သဲကန္တာရအတွင်း ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) အကျယ်အဝန်းမှာ ပေါက်ရောက်နေသော တစ်ပင်တည်းသော သစ်ပင်ဖြစ်တဲ့ "The Tenere"ဟာ သဲကန္တာရရဲ့ လှပပြီး အသုံးဝင်သော အမှတ်လက္ခဏာ တစ်ခုဖြစ်ပါတယ်။ The Tenere ဟာ ဆာဟာရ သဲကန္တာရ ဖြစ်ထွန်းမလာမီက ပေါက်ရောက်ခဲ့တာဖြစ်ပြီး သက်တမ်း နှစ် ၃၀၀ကျော်ပြီလို့ ယူဆထားကြတာ ကန္တာရအတွင်း တစ်ပင်တည်းတာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

photo credit pngtree

ဆာဟာရ သဲကန္တာရအတွင်းမှာ ၁၉၃၈ ခုနှစ်က တူးဖော်ခဲ့တဲ့ ရေတွင်းတစ်တွင်းမှ ရေနှင့် အာဟာရကို ရရှိနေသဖြင့် "The Tenere"ဟာ ရှင်သန် ရပ်တည်နိုင်ခဲ့သော်လည်း ကံမကောင်းစွာပဲ အရက်မူးနေသူတစ်ဦးက The Tenere ကို ကားဖြင့် ဝင်တိုက် မိခဲ့ကာ အထီးကျန်နေသော ဖြစ်ရပ်ကို ရုတ်တရက် အဆုံးသတ်သွားစေခဲ့ပါတယ်။ လူအများက ကားမောင်းသူကို ပြစ်တင် စိတ်ဆိုးကြသော်လည်း သူ့ရဲ့ လုပ်ရပ်တစ်ခုကြောင့် စိတ်သက်သာရာရရှိခဲ့ကြပါတယ်။ ကားမောင်းသူက The Tenere ကို Niger အမျိုးသား ပြတိုက်သို့ ပို့ပေးခဲ့သဖြင့် The Tenereရဲ့ ပင်စည်ဟာ ဆာဟာရအတွင်းမှ မူလအပင်ပုံစံ သတ္ထု ပုံတူတစ်ခုနှင့် အတူ ပြတိုက်မှာ တည်ရှိနေတာပါနော်....။

source မောင် သာ ရှေးဟောင်း သုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။