ရှင်‌နည်‌းရာ အဂ္ဂ လူထွက်‌ပြန်‌ပြီ


‌ဘောလုံးကိုချစ်‌တဲ့ ဇာတ်‌မင်‌းသား‌လေးဖိုးချစ်‌ တည်‌‌ထောင်‌ထားတဲ့ မဟာ အသင်‌းဟာ MNL League 2 မှာ ဆက်‌လက်‌ပါဝင်‌ယှဉ်‌ပြိုင်‌‌တော့မှာ မဟုတ်‌ဘူးလို့ မ‌နေ့ကတရားဝင်‌‌ကြေညာလိုက်‌ပါတယ်‌။

‌‌ဇေယျာ‌ရွှေ‌မြေအသင်‌း MNL League 1 က‌နေ‌ပျောက်‌သွားတာမျိုး၊MNL League 2  က‌နေ မဟာယူနိုက်‌တက်‌ ပါဝင်‌ယှဉ်‌ပြိုင်‌ခြင်‌းမပြု‌တော့တာ‌တွေက နဂိုကမှအားနည်‌း‌နေ‌သော မြန်‌မာ့‌ဘောလုံး‌လောကကိုချိနဲ့‌စေတယ်‌။ရှင်‌နည်‌းရာ အဂ္ဂလူထွက်‌ခြင်‌းပင်‌။


အ‌ကြောင်‌းအရင်‌းခံက‌တော့ မြန်‌မာ့‌ဘောလုံးအဖွဲ့ချုပ်‌နှင်‌့‌ထောက်‌ပံ့‌ကြေးကိစ္စအဆင်‌မ‌ပြေ၍ဟုဆိုပါတယ်‌။ ဖိုးချစ်‌က ဒီအသင်‌းကို မြန်‌မာ့လက်‌‌ရွေးစင်‌ကစားသမား‌တွေ‌ပေါ်ထွက်‌လာ‌ရေးဆိုတဲ့မူချမှတ်‌ပြီးတည်‌‌ထောင်‌ခဲ့တာပါ။အရင်‌က Football Crazy အမည်‌နဲ့ အနုပညာသူငယ်‌ချင်‌း‌တွေနဲ့‌ပေါင်‌းပြီးဖွဲ့စည်‌းခဲတဲ့အသင်‌း‌လေးဟာ လူငယ်‌‌တွေကို‌မြေ‌တောင်‌‌မြောက်‌မဟဲ့ဆိုတဲ့ရည်‌ရွယ်‌ချက်‌နဲ့မဟာယူနိုက်‌တက်‌ဆိုတဲ့ အမည်‌‌ပြောင်‌းကာပြုပြင်‌ဖွဲ့စည်‌းခဲ့တယ်‌။

အခုထိလည်‌း ဖိုးချစ်‌၊ထွန်‌းထွန်‌း၊မိုးယံဇွန်‌တို့ကမဟာအသင်‌းသားဖြစ်‌‌နေဆဲ။

မဟာနည်‌းပြကမြန်‌မာ့လက်‌‌ရွေးစင်‌‌ဟောင်‌း ‌ဇော်‌လင်‌းထွန်‌း (၂)ဖြစ်‌တယ်‌။ဒီအချက်‌‌တွေကဖိုးချစ်‌ဒီအသင်‌းအ‌ပေါ်ဘယ်‌‌လောက်‌‌တောင်‌‌မျှော်‌လင်‌့ထားသလဲသိသာ‌စေတယ်‌။မည်‌သို့ပင်‌ဆို‌စေကာမူ‌ဘောလုံးအသင်‌းတစ်‌သင်‌း MNL က‌နေ‌ပျောက်‌သွားခြင်‌းသည်‌ မြန်‌မာ့‌ဘောလုံး‌လောကအတွက်‌အ‌ပေါင်‌းလက္ခဏာမဟုတ်‌တာ‌တော့‌သေချာတယ်‌။

Source-Mahar Uniyed fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။