ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ထူးထူးခြားခြား သံတမန် နည်းလမ်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Panda Diplomacy" အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ မော်စီတုန်း လက်ထက်ကတည်းက ပန်ဒါဝက်ဝံများကို သံတမန်ခင်းတဲ့ နေရာမှာ အသုံးပြုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြည်ပနိုင်ငံတစ်ခုရဲ့ အစိုးရနှင့်နီးစပ်သော ဆက်ဆံရေးကို မြှင့်တင်နိုင်ရန် ကြိုးပမ်းတဲ့အနေဖြင့် ပန်ဒါဝက်ဝံတစ်ကောင်ကို ငှားရမ်းလေ့ရှိပါတယ်။

photo credit pngtree

တရုတ်နိုင်ငံမှ ပန်ဒါတစ်ကောင်ရရှိခြင်းဟာ တရုတ်နိုင်ငံရဲ့ ကောင်းမွန်သော ဆက်ဆံရေး စာရင်းမှာပါဝင်တယ်လို့ဆိုလိုခြင်း မဟုတ်ဘဲ သံခင်းတမန်ခင်းရဲ့ ပထမအဆင့်သာ ဖြစ်ပါတယ်။ လေ့လာသုံးသပ်ချက်များက တရုတ်နိုင်ငံရဲ့ ပန်ဒါငှားရမ်းမှုရဲ့ နောက်တွင် အကျိုးအမြတ်များပါရှိလာကြောင်း သတိပြုမိခဲ့ပါတယ်။၂၀၁၁ ခုနှစ်မှာ စကော့တလန်နိုင်ငံ အစိုးရဟာ တရုတ်နိုင်ငံမှ ပန်ဒါအချို့ကို လက်ခံရရှိခဲ့ဲပြီးနောက် နှစ်နိုင်ငံအကြား စတာလင်ပေါင် ၂ ဒသမ ၆ ဘီလျံတန်ဖိုးရှိတဲ့ စာချုပ်များကို ချုပ်ဆိုခဲ့ပါတယ်။

photo credit pngtree

သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်နိုင်ငံတို့အပါအဝင် ယူကရိန်းနိုင်ငံများဟာ တရုတ်နိုင်ငံမှ ပန်ဒါများကို လက်ခံပြီးတဲ့ နောက်မှာတော့ တရုတ်နိုင်ငံသို့ ယူရေနီယမ်သတ္ထုများ ရောင်းချခဲ့ပါတယ်။ ထိုနိုင်ငံများက ပန်ဒါများကို တိရိစ္ဆာန်ရုံများမှာ ပြသထားချိန်တွင် တရုတ်နိုင်ငံဟာ မိမိရဲ့ နျူးကလီးယား စွမ်းအင် တိုးတက်စေရန် ယူရေနီယမ်များကို အသုံးပြုနိုင်ခဲ့ပါတယ်။ ထို့ကြောင့် ပန်ဒါဝက်ဝံများဟာ တရုတ်နိုင်ငံရဲ့ အရေးပါဆုံး သံတမန်များ ဖြစ်လာတာက အံ့သြဖွယ် ကိစ္စမဟုတ်တော့ပါဘူး။ ကမ္ဘာ့နိုင်ငံတွေရှိ တိရိစ္ဆာန်ရုံများမှာ ရောက်ရှိနေတဲ့ ပန်ဒါဝက်ဝံများအနက် အချို့ဟာ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့တာမဟုတ်ဘဲ တရုတ်အစိုးရပိုင် သတ္တဝါများဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။