ဒီနေ ့မှာ ၁၈ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ မင်းမော်ကွန်းရဲ ့သားလေး မင်းမြတ်

ပရိသတ်ကြီးရေ ဒီနေ ့ဇွန်လ ၁၃ ရက်နေ ့ကတော့ သရုပ်ဆောင်မင်းမော်ကွန်းရဲ ့သားကြီးဖြစ်သူ မင်းမြတ်ရဲ ့၁၈ နှစ်ပြည့်မွေးနေ ့လေးပဲဖြစ်ပါတယ်။

မင်းမော်ကွန်းဟာ သားလေးရဲ ့မွေးနေ ့မှာ ချစ်ရတဲ့ သားကြီးအတွက် မွေးနေ ့အမှတ်တရလက်ဆောင် စကားလေးကို လူမှုကွန်ရက်စာမျက်နှာကတဆင့်

အခုလိုပဲ ပြောထားခဲ့ပါတယ်။

“Happy Birthday ပါ သားကြီး မောင်မင်းမြတ်

၁၈ နှစ်ဆိုတော့ လူကြီးဖြစ်သွားပြီနော်

လူကြီးလိုနေတော့” လို ့ မင်းမော်ကွန်းက ဆိုပါတယ်။

မင်းမော်ကွန်းဟာ သရုပ်ဆောင်၊ အဆိုတော်၊ တေးရေးဆရာ တစ်ယောက်အနေနဲ ့အနုပညာခရီးလမ်းကို လျှောက်လှမ်းနေသူ ဖြစ်ပြီး ကောင်းမွန်ပို်င်နို်င်တဲ့

သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကို ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင် မင်းမော်ကွန်းဟာ အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေး ၂ ယောက်၊ သမီးလေး ၁ ယောက်နဲ ့အတူ

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

သတင်းအရင်းမြစ် Kyaw Kyaw Htay Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။