ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဗီယက်နမ်နိုင်ငံက လည်ပတ်စရာကောင်းသော နေရာ ၂ နေရာအကြောင်းကို ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပထမတစ်နေရာကတော့ "Nha Trang"နှာထရန်း လို့အမည်ရပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဗဟိုဒေသ ကမ်းလွန်ပိုင်းရှိ အာရှတိုက်ရဲ့ အလှပဆုံး အပန်းဖြေဒေသတစ်ခုအဖြစ် ထင်ရှားတဲ့ မြို့ဖြစ်ပါတယ်။ ရှုမောဖွယ်တောင်တန်းများ၊ ပင်လယ်ကမ်းခြေများ၊ စိမ်းလန်းစိုပြေသော ကျွန်းများဟာ နှာထရန်ကို ကမ္ဘာလှည့်ခရီးသည်များနှင့် စကူဘာရေငုပ်သများများအတွက် ထင်ရှားသော ခရီးသွားနယ်မြေတစ်ခုဖြစ်လာစေခဲ့တာပါ။ 

photo credit pngtree

အပန်းဖြေစရာနေရာများ၊ ထန်းပင်များ၊ ချစ်မြတ်နိုးဖွယ် ကောင်းတဲ့ ပင်လယ်ကမ်းခြေ လမ်းများဖြင့် ခြံရံနေသော နှာထရန်မှာ ပင်လယ်ကမ်းခြေဟာ အဓိက ဆွဲဆောင်မှုရှိတဲ့ နေရာဖြစ်ပါတယ်။ ဖျော်ဖြေပွဲများ၊ ရေလွှာဥယျာဉ်များက လာရောက် သူတိုင်းကို သည်းထိပ်ရင်ဖို ရထားများ၊ ရေလှိုင်းများထနေတဲ့ ရေကူးကန်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဒါ့အပြင် နောက်ထပ် နာမည်ကျော်တဲ့ နေရာကတော့ မဲခေါင်မြစ်ဝှမ်း ဒေသ ဖြစ်ပါတယ်။ ဆေးရောင်စုံ လှေပေါ်ဈေးများ၊ သစ်သီးခြံများ၊ စပါးခင်းများ၊ ကြံစိုက်ခင်းများ၊ ငှက်ဘေးမဲ့တောများ၊ တစ်မူထူးခြားနေတဲ့ ကျေးရွာများဟာ များစွာသော ခရီးသွားများကို မဲခေါင်မြစ်ဝှမ်းသို့ လာရောက်ရန် ဆွဲဆောင်နေပါတယ်။

photo credit pngtree

ဗီယက်နမ်နိုင်ငံ အနောက် တောင်ပိုင်းတွင်ရှိတဲ့ မဲခေါင်မြစ်ဝှမ်းကို ဗီယက်နမ်နိုင်ငံရဲ့ စပါးကျီကြီးလို့ တင်စားခေါ်ဆိုကြကာ မဲခေါင်မြစ်မှ ဖြာထွက်လာသော မြစ်ချောင်းများနှင့် ဆည်မြောင်းများဟာ ဝင်္ကပါများသဖွယ် တည်ရှိနေကြပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသအား မြေဆီမြေနှစ်များ ကြွယ်ဝစေလျက်ရှိနေပါတယ်။ ထိုင်းပင်လယ်ကွေ့မှ ဟိုချီမင်းမြို့တော်အထိရှည်လျားတဲ့ မဲခေါင်မြစ်ဝှမ်းရှိ များပြားလှသော စိုက်ခင်းများ၊ သစ်သီးခြံ များ၊ စပါးကွင်းများနှင့် ငါဒကန်များဟာ ဗီယက်နမ်နိုင်ငံ လူဦးရေ သုံးပုံတစ်ပုံ ကျော်ကို စားနပ်ရိက္ခာများ ထောက်ပံ့ပေး လျက်ရှိပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။