photo credit - Blast dota twitter

Europe region မှာကျင်းပပြုလုပ်တဲ့ BLAST Bounty Hunt online dota 2 tournaments ကတော့ ဒီကနေ့ ဇွန်လ 9 ရက်နေ့ကနေ လာမယ့် 13 ရက်နေ့ထိကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးရဲ့ Total prize pool အနေနဲ့ကတော့ $145,000 USD ဖြစ်ပြီး direct invites ရရှိထားတဲ့ dota 2 အသင်း 6 သင်းက ဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။

Direct invite ရရှိထားတဲ့ dota 2 teams တွေကတော့

Team Nigma

Team Secret

OG

Team Liquid

Alliance

Ninjas in Pyjamas တို့ဖြစ်ပြီး အဖွင့်ပွဲစဉ်အနေနဲ့ကတော့ ဒီကနေ့ မြန်မာစံတော်ချိန် 9း00 PM မှာ Team Liquid နဲ့ Team Nigma တို့က ဆော့ကစားသွားမှာပဲဖြစ်ပြီး အနိုင်ရရှိတဲ့ team က Team Secret နဲ့ Upper bracket round 2 မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ Lower bracket round 2 ကို ဆင်းရမှာပဲဖြစ်ပါတယ်။

Liquid နဲ့ Nigma ပွဲပြီးတဲ့အချိန် ည 12 နာရီမှာဆိုရင်လည်း Alliance နဲ့ NiP တို့ဆော့ကစားသွားမှာဖြစ်ပြီး အနိုင်ရရှိတဲ့ team က OG နဲ့ Upper bracket round 2 မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ Lower bracket round 2 ကို ဆင်းရမှာပဲဖြစ်ပါတယ်။

နောက်ထပ်ပွဲစဉ်ဇယားတွေကို ဘော်ဒါတွေကြည့်ရလွယ်စေဖို့အတွက် match bracket ဇယားလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။

ဘော်ဒါတို့ရော ဒီ BLAST Bounty Hunt မှာ ရပ်တန့်လို့မရသေးတဲ့ Team Secret ကပဲ Champion ထပ်ဖြစ်မလား ၊ ဒါမှမဟုတ် ဘယ် team က champion ဖြစ်မယ်လို့ထင်ကြလဲ ။ 

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။