ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်က ထူးထူးခြားခြား မြို့ပြတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Longyearbyen, Norway" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံ၊ Spitsbergen မှာတည်ရှိတဲ့ Longyearbyen ဟာ ကမ္ဘာ့ မြောက်ဘက်အစွန်ဆုံး မြို့ဖြစ်ပါတယ်။ ထို့ကြောင့် အဲ့မြို့မှာရှိသော ဘုရားရှိခိုးကျောင်း၊ အလိုအလျောက် ငွေထုတ်စက်၊ ပြတိုက်၊ စာတိုက်၊ လေယာဉ်ကွင်းနှင့် တက္ကသိုလ်တို့ဟာ ကမ္ဘာ့ မြောက်ဘက်အစွန်ဆုံးရှိ အရာများဖြစ်လာခဲ့ကြပါတယ်။

photo credit pngtree

ထိုမြို့ဟာ အလွန် ထူးဆန်းစွာပဲ မြို့မှာလူသေဆုံးခြင်းကို တားမြစ်ထားတာပါ။ ထို့ကြောင့် မြို့နေ လူတစ်ဦး ဖျားနာလျှင်သို့မဟုတ် သေလုမျောပါး ဖြစ်နေလျှင် ထိုသူကို လေယာဉ် သို့မဟုတ် သင်္ဘောဖြင့် နော်ေ၀ နိုင်ငံရဲ့ အခြားတစ်နေရာသို့ ချက်ချင်းပို့ဆောင်ပေးရပါတယ်။ သို့သော် ရုတ်တရက်သေဆုံးသူများကို Longyearbyen မြို့မှာပဲ သဂြိုဟ်ကြတာပါ။ Longyearbyen မြို့သုသာန်မှာ လူသေကောင်များမြှုပ်နှံမှုကို တားမြစ်ရခြင်းဟာ အလွန်အေးသော ရာသီဥတုကြောင့် အလောင်းကောင်များဟာ မပုပ်မသိုးပဲ ကျန်ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

photo credit pngtree

မကြာမီက သိပ္ပံပညာရှင်များဟာ သင်္ချိုင်းမှာ မြှုပ်နှံထားတဲ့ အလောင်းတစ်ခုမှ တစ်ရှူးစတစ်ခုကိုယူပြီး လေ့လာခဲ့ကြရာ ၁၉၁၇ ခုနှစ် တွင်ဖြစ်ပွား ခဲ့သည့် ကူးစက်ရောဂါရဲ့ ဗိုင်းရပ်စ်ပိုးအကြွင်းအကျန်များကို တွေ့ရှိခဲ့ရပါတယ်။ Longyearbyen မြို့မှာ လူသေခွင့်မပြုသော်လည်း မြို့အနီးဝန်းကျင်ရှိ ဝင်ရိုးစွန်းမှာ ဝက်ဝံ ကောင်ရေ ၃၀၀၀ ကျော်ရှိသဖြင့် မြို့သူမြို့သားများကို ပြင်းအားကြီးတဲ့ ရိုင်ဖယ် သေနတ်များ ကိုင်ဆောင် သွားလာခွင့်ပြုထားပါတယ်။ ထူးဆန်းသော Longyearbyen မြို့မှာ ငှက် များ အန္တရာယ်မဖြစ်စေရန် ကြောင်မွေးမြူခြင်းကို တားမြစ်ထားပါသေးတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။